Part 7

520 60 2
                                    

Part  7

Kongpob pov

စားသောက်ဆိုင်ရဲ့ အပေါ်ဆုံး ခေါင်းမိုးအထပ်မှာ ချိန်းလိုက်သည် ဘယ်သူမှမရှီပဲ ကျွန်တော်တို့ နှစ်ယောက်တည်းပေါ့.

"  ကျွန်တော်ကို ဘာတွေ မကျေနပ်လို့ တစ်နေ့ကုန် ဖုန်းမကိုင်ပဲနေရတာလဲ   "

"  ဒီနေ့ Yort နဲ့တွေ့ပြီးပြီ  "

" ဗျာ  "

" ဘာလဲ Kong  မင်းက ခဲ့တစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာလား တစ်ကောင်ကိုတော့ သေစေ နောက်တစ်ကောင်ကိုတော့ မသေမရှင် ဖြစ်ပြီး လှောင်အိမ်ထဲမှာ ချုတ်ထားချင်တာလား  kong  "

"ကျွန်တော်က တောလိုက်မုဆိုးမဟုတ်သလို့ ငှက်ပစ်သမားလည်းမဟုတ်ဘူး Oon  "

" အဲ့ဒါဆို ဘာလို့ Yort နဲ့စေ့စပ်တာကို မဖြတ်သေးတာလဲ  ငါနဲ့ Yort ကို အသေအလဲပြိုင်ဖတ်တွေဖြစ်စေချင်တာလား "

" ကျွန်တော်နဲ့ Yort ရဲ့အကြောင်းကို ပြောပြပြီးမှ Oon ကိုချစ်ခွင့်တောင်းတာပါ ကျွန်တော်အနေနဲ့ ချက်ခြင်းကြီး  Yort နဲ့ အဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိင်သေးလို့ပါ  "

" Kong ငါမင်းကို ဘယ်လောက်ချစ်ချစ် ယောက်ကျားတစ်ယောက်ကိုတော့ နှစ်ယောက်ခွဲမယူဘူး ငါမင်းကို ရရင်ရ မရရင်လဲ ငါအနိုင်ရသွားတဲ့ Yort ကိုပေးလိုက်မယ် "

" အချစ်ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရတဲ့သူကို ပေးတဲ့ ဆုလင်္ဒမဟုတ်ဘူး  Oon "

" မင်းပြောမှပဲ ငါမှာ ပြိုင်ဘက်ရှီမှန်းသိတော့တယ်  "

" Oon က Yort ရဲ့ ပြိုင်ဖတ်မဟုတ်ဘူး ဘယ်တော့မှလည်း မဖြစ်နိုင်ဘူး  ကျွန်တော်ချစ်တာ Oon တစ်ယောက်တည်းပါ  "

တီတီတီ

Kong နဲ့စကားပြောရင်း ဖုန်းလာလို့ ကိုင်လိုက်သည်

" ဟုတ်ကဲ့ P ကျွန်တော်သူနဲ့ အတူရှီနေလို့ အိမ်ရောက်မှ တွေ့မယ်  "

ဖုန်းချချခြင်း kong ကျွန်တော်ပုခုံးကိုကိုင်ကာ

" Oon  P'Sammy နဲ့ အရင်လိုတွဲတုန်းပဲလား "

" ဟုတ်တယ်  kong ငါကို P က ချစ်နေတုန်းပဲ "

" Arthit !! "

"မအော်ပါနဲ့ Kong  တကယ်လို့ Yort သာငါပြိုင်ဘက်ဆိုရင် P 'Sammy ကလည်း မင်းပြိုင်ဘက်ပဲ ငါပြိုင်ဘတ်ကို အရှုံးကြီးရှုံးအောင် မင်းလုပ်လိုက်လေ မင်းလည်း ရှုံးရလိမ့်မယ်  "

" Oon ကျွန်တော်ကို ရူးအောင်မလုပ်ပါနဲ့ ကျွန်တော် Oon. ကိုအရမ်းချစ်တယ်  "

" ချစ်ရင် ငါယုံကြည်အောင်နေလေ ငါကိုချစ်ရင် Yort နဲ့ စေ့စပ်တာကိုဖျတ်နိုင်အောင်ကြိုးစားပါ Yort ကို လုံးဝမပတ်သတ်ပါနဲ့   ငါကို အတ္တကြီးတယ်လို ဆိုချင်ဆိုနိုင်တယ် kong  ငါမင်းကို အပြည့်အဝလိုချင်တယ်  "

Oon ပြောပြီး ထွက်သွားသည် ကျွန်တော် လှမ်းမခေါ်မိလိုက်ပါဘူး ကျွန်တော်ကိုယ့်တိုင် သဘောတူ ထားတဲ့ စေ့စပ်ပွဲပါ Oon ကျွန်တော် ဘယ်လိုလုပ် ချက်ခြင်း ဖြတ်နိုင်မလဲ  ဒါပေမဲ့ ကျွန်တော် Oon ကို ချစ်တဲ့အချစ်က အချစ်စစ်ပါ

အချစ်စစ်Where stories live. Discover now