Part 6
Arthit pov
ကျွန်တော်ကားမောင်းနေတုန်း နောက်ကကားက ဟွန်းတီးပြီး ကျွန်တော်ကားရှေ့ကို ပိတ်ရပ်လိုက်သည် ကျွန်တော်လည်း ကားပေါ်ကဆင်း ရှေ့ကားက လူငယ်လည်း ဆင်းလာပြီး
" ဒါဘာသဘောလဲ "
"စိတ်မဆိုးပါနဲ့ ဒေါက်တာ Arthit "
" မင်းက ငါနာမည်ကို သိနေပါ့လား "
" ကျွန်တော်ကိုယ့် ကျွန်တော် အရင်မိတ်ဆတ်ပေးပါ့ရစေ ကျွန်တော်နာမည်က Yort ပါ P kong နဲ့ လက်ထပ်ရမဲ့သူပါ "
" အဲ့တော့ "
" Arthit က ကျွန်တော် P ရဲ့ လက်ရှီချစ်သူဆိုတော့ ကျွန်တော်သတိပေးပါ့ရစေ ကျွန်တော် P kong က Arthit ကိုတကယ်မချစ်ဘူး Pက လက်မထပ်ခင် ချစ်သူထားမယ်လို့ ကျွန်တော်ကို ပြောတယ် ကျွန်တော်ကလည်း ကြိုက်သလောက် ထား နောက်ဆုံး P လက်ထပ်ရမဲ့သူက ကျွန်တော်ပဲဖြစ်ရမယ် လို့ပြောလိုက်တယ် "
" ဟားဟား ဟားဟား "
" ဘာရယ်တာလဲ Arthit "
" သွေးခွဲနည်းက ရိုးလွန်းလို့ပါ ကလေးဆန်လွန်းတယ် "
" ကျွန်တော်ပြောတာ Arthit က မယုံဘူးလား Arthit သိပ်ချစ်ပါတယ်ဆိုတဲ့သူက အခုထိ ကျွန်တော်နဲ့စေ့စပ်ထားတာကို မဖြတ်သေးဘူးနော် "
" ဖြတ်လာလိမ့်မယ် သေချာပေါက်သူက ငါကို လက်ထပ်ချင်လို့ မင်းနဲ့စေ့စပ်တာ ဖြတ်လိမ့်မယ် "
"ကိုယ့်ကိုကို အထင်ကြီးလှချည်လား Arthit "
" Yort ငါမင်းသိအောင် စကားအကုန်ပြောလိုက်မယ် Kongကို ငါချစ်တယ် အဆုံးအရှုံးလည်း မခံနိုင်ဘူး အဲ့ဒါကြောင့် မင်းရဲ့ သွေးကွဲစကားတွေက ငါအတွက်အရေးမပါဘူး မင်းသတ္တိရှီရင် ငါကို ဒီလိုတွေလာပြောနေမဲ့အစား kong ကို လက်ထပ်နိုင်အောင် ကြိုးစားလိုက်အုန်း "
" Arthit ကျွန်တော်ကို စိန်ခေါ်လိုက်တာလား "
" ကြိုက်သလိုထင်နိုင်တယ် Yort ငါမှာအချိန်မရှီလို့ သွားတော့မယ် Good Luck Yort "
ကျွန်တော်ပြောပြီး ထွက်လာခဲ့လိုက်သည် ဆေးရုံရောက်တော့လည်း ကျွန်တော် kong နဲ့ duty မတူတာကို ကျေးဇူးတင်ရမယ် နို့မို့ဆို ကျွန်တော်ဒေါသ kong ပေါ်ရောက်သွားနိုင်သည် duty မတူပေမဲ့ kong ကျွန်တော်ကို ဖုန်းခဏခဏခေါ်သည် ကျွန်တော် တစ်နေ့ ကုန် ဖုန်းမကိုင်တော့ bright က
" Arthit ဘာလို့ kong ဖုန်းဆက်တာကို ဖုန်းမကိုင်တာလဲ "
" ငါမအားလို့ပါ "
" မအားတာထက် မင်း Kong ပေါ်စိတ်ခုနေတယ် ဟုတ်တယ် မဟုတ်လား "
" မဟုတ်ပါဘူး "
"မညာပါနဲ့ Arthit စိတ်ခုနေရင် ဒီအတိုင်းမထားပါနဲ့ ဘာပြသာနာဖြစ်ဖြစ် သူကိုတိုက်ရိုက်မေးလိုက်ပါ "
" အင်း bright "
Kong ဆီက ဖုန်းထပ်လာသည် ကျွန်တော် ကိုင်လိုက်သည်
" Oon ဘာတွေမကျေနပ်လို့ ကျွန်တော်ဖုန်းကို ခဏခဏချပစ်ရတာလဲ ကျွန်တော်အခု Oon နဲ့တွေ့ချင်တယ် "
" အင်း တွေ့မယ်လေ "
ပြသာနာဆိုတာရှောင်ဖို့မဟုတ်ဘူး ရှင်းဖို့ အဲ့ဒါကြောင့် kong ချိန်းတဲ့နေရာကို ကျွန်တော်ထွက်လာလိုက်သည်
![](https://img.wattpad.com/cover/160750252-288-k27043.jpg)
YOU ARE READING
အချစ်စစ်
General Fictionအချစ်စစ် Intro Kongpob သူမှာကိုယ့်မကြိုက်တဲ့ အချက်တွေအများကြီးရှီတယ် သူကသွေးဆူလွယ်တယ် ဒေါသကြီးတယ် တဖတ်သားကို အနိုင်ရမှကျေနပ်တယ် ဒါပေမဲ့ ကိုယ့်က သူကိုပဲချစ်တယ် Arthit ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တာလား တစ်ကောင်ကိုတော့သေစေ တစ်ကောင်ကိုတော့...