ep 8

39.5K 3.5K 40
                                    

" ကျွန်တော်တို့ တစ်ခုခုအတွက် အကျိုးတူပူးပေါင်းပြီး အလုပ်လုပ်ကြရင် မကောင်းဘူးလား "

" အကျိုးတူပူးပေါင်းတယ် "

ထိုစကားက ရှိန်းတေဇနှင့်စစ်နေခနှစ်ဦးလုံးထံမှ ထွက်လာသည်။ သူတို့သည်သူတို့မျက်စိရှေ့က လူငယ်လေး၏ရည်ရွယ်ချက်ကို အံသြနေမိသည်။ သူ့ပုံစံကြည့်ရတာ စနောက်ပြောဆိုနေပုံမရ ၊ ပေါ့ပေါ့တန်တန်မဟုတ်ဘဲ အလေးအနက်ရှိကြောင်း ၎င်း၏မျက်ဝန်းနှင့်မျက်နှာထားက သက်သေပြနေသည် ။

ရှိန်းတေဇက ဒီကောင်လေးအကြောင်းကိုအနည်းငယ်စုံစမ်းထားတာရှိသောကြောင့် သူကြားဖူးသလိုပေါ့ပျက်ပျက်မဟုတ်နေ၍ အနည်းငယ်တော့အထင်ကြီးမိသွားသည်။ စစ်နေခ၏ခံစားချက်ကမျက်နှာတွင်မဖော်ပြသော်ငြား ၎င်းသည်ခြေချိတ်ထိုင်လျှက် ရှင်းကိုလေးလေးနက်နက်ကြည့်လိုက်သည် ။

" မင်းလုပ်ချင်တာတစ်ခုခုရှိလို့လား ။ ဒါဆိုလည်းပြောလေ ကိုယ်နားထောင်ပေးမယ် "

" အဟမ်း ... ကိုယ်လည်းနားထောင်ပေးလို့ရပါတယ် "

ရှိန်းတေဇလည်းနောက်ကျကျန်ရစ်သူမဖြစ်စေရ ။ ရှင်းကသူ့ရဲ့နဖူးကိုတစ်ချက်ထိပြီး စစ်နေခအားပြောလိုက်သည်။

" ခင်ဗျားရဲ့လုပ်ငန်းမှာ ကျွန်တော့်ရဲ့မိဘတွေချန်ရစ်ခဲ့တဲ့ ရှယ်ယာဘယ်လောက် ရာခိုင်နူန်းထိရှိနေလဲ''

စစ်နေခ မတွေမဝေဘဲ ဖြေလိုက်သည်။

" ( ၈) ရာခိုင်နူန်း ''

ရှင်း တစ်ချက်ပြန်တွေးလိုက်သည်။ စစ်နေဟာ Star Group ၏ရှယ်ယာ ၅၁ ရာခိုင်နူန်းကိုပိုင်ဆိုင်ပြီး Star Group ၏ CEO အဖြစ် လက်ရှိအချိန်ထိ ရပ်တည်နိုင်ခဲ့သည်။

သူရဲ့ရှယ်ယာက (၈) ရာခိုင်နူန်းဆိုတော့ မများပေမယ့်မနည်းလွန်းပေ ။ ရှင်းက စစ်နေခ၏မျက်နှာကို စူးစိုက်ကြည့်ပြီး တစ်စုံတစ်ရာကို ပြင်ဆင်ပြီးသားလို ပြောလိုက်သည်။ မူလရှင်းညီအတွက်တရားမျှတမှုကို သူ့အနေနဲ့ပြန်ရှာပေးသင့်တယ်မဟုတ်လား ။ ပြီးတော့ကြီးမားတဲ့ဂုဏ်သိက္ခာတရားရောပေါ့ ။

" ခင်ဗျားထိန်းသိမ်းထားတဲ့ ကျွန်တော့်ရဲ့ရှယ်ယာအချို့ကိုပြန်လိုချင်တယ် ။ အခုချိန်ကစပြီးကျွန်တော့်ဘာသာကျွန်တော် ကိုင်တွယ်တော့မယ်''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now