ep 38

26.2K 2.4K 84
                                    

"သူဘယ်မှာလဲ "

"တောင်ပေါ်ဒေသ တစ်နေရာမှာ ''

"ဘာ.........!''

ရှင်းဆီကအံသြလွန်းလို့ အာမေဌိတ်သံထွက်ပေါ်လာလေသည် ။ မအံသြဘဲနေမလား မြေပြန့်ဒေသမှာ ပျောက်သွားတဲ့လူက ဘာကိစ္စကြောင့် တောင်ပေါ်ဒေသရောက်သွားရတာလဲ ။ ဒါက အရေးမကြီးသေးပါဘူး။

သူ့အတွင်းရေးမှူးပေးလာတဲ့ ပုံတွေကိုကြည့်လိုက်တော့ သူဟာလုံးဝကို အံ့သြသွားသည် ။ စစကြည့်ချင်းမယုံနိုင်ပေမယ့် သေချာကြည့်ရင် သူ့ချစ်သူမှသူ့ချစ်သူအစစ် ။ သို့ပေမယ့် အသွင်အပြင်က တော်တော်လေးကို ပြောင်းလဲသွားလေသည်။

"သူဆိုတာ သေချာလား ၊ ပြီးတော့ ဘာလို့အဲ့လောက်အဝေးကြီးရောက်သွားရတာလဲ"

"CEO စစ်နေခဆိုတာ အတည်မပြုရသေးပေမယ့် သူနဲ့တူတယ်လို့ ပေးပို့လာတဲ့ ပုံတွေအများကြီးထဲမှာမှ ဒီပုံထဲကလူက CEO အဖြစ်နိုင်ဆုံးလူပဲ။ သတင်းပေးပို့လာတဲ့သူက အခု CEO နဲ့တူတဲ့ အဲ့လူရှိနေနိုင်တဲ့နေရာပါ ပေးပို့ထားတယ်''

ရှင်းက သူ့ချစ်သူစစ်နေခ ဟုတ်မဟုတ်အထပ်ထပ်အခါခါ ပြူးပြဲ ကြည့်ရင်း..

"မင်းဒီပုံတွေ ဘယ်လိုရလာတာလဲ "

" ကျွန်တော် CEO ကိုရှာဖို့အတွက် နေရာတိုင်းကို လူလွှတ်ထားတာပါ "

" တော်တယ် ... "

ရှင်းက ရှားရှားပါးပါး သူ့အတွင်းရေးမှူးကိုပြုံးပြပြီး ချီးကျူးလိုက်လေသည် ။ ထိုအခါအတွင်းရေးမှူးလေးသည် ရူးမတတ်ပင် ပျော်ရွှင်ရလေ၏ ။

ချည်သားအင်္ကျီအပွနဲ့ ဒူးခေါင်းထိလိပ်တက်တဲ့ထား ချည်သားဘောင်းဘီကို ဝတ်ဆင်ထားပြီး ခေါင်းမှာလည်း ခေါင်းပေါင်းတစ်ခုကို ပေါင်းပြီးတင်ထားတဲ့ပုံက တကယ့်ကို တောင်ပေါ်သားတစ်ယောက်ပမာ ။ ပြီးတော့ ပခုံးထဲပေါ်မှာ ကြိုးသေးသေးလေးကျစ်ပြီး နောက်လွယ်(ပလိုင်း)လေးတစ်လုံးကလည်းလွယ်ထားလိုက်သေးတယ် ။

စစ်ဆိုတာ သေချာပါတယ် သူဘာလုပ်နေတာလဲ။ မြှောက်များစွာသော ဓာတ်ပုံတွေကို သေချာကြည့်လိုက်ရင်း ရှင်းကတအံ့တသြ ရေရွတ်လေသည်။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now