ep 21

37.2K 3K 56
                                    

စစ်နေခ၏ရုံးခန်းထဲကို ရှိန်းတေဇတစ်ယောက် မပြောမဆို ရောက်ချလာခဲ့သည် ။

"Hi .. ''

စစ်နေခက အလုပ်မပျက်ဘဲ မျက်လုံးလှန်ကြည့်ရုံကြည့်ပြီး ဝတ်ကျေတန်းကျေပင်မနူတ်ဆက်တော့ ။

" အော် ...... မတွေ့တာကြာပြီဆိုတော့ ဆေးရုံမှာကျောက်ကပ်သွားကုနေရတယ်ထင်တာ "

တွေ့တွေ့ချင်းမှာပင် သူ့အားပြန်လည်နူတ်ဆက်လာသော စစ်နေခ၏စကားကြောင့် ရှိန်းတေဇတစ်ယောက် မျက်နှာများပင်မဲမှောင်သွားသည် ။

"မတွေ့တာကြာပြီဖြစ်တဲ့မင်းကတော့ အရင်ကထက်ပိုရိုင်းလာတယ်နော် ၊ ငါကမင်းအတွက်ဒီကိုလာခဲ့တာ ငါ့ကိုကောင်းကောင်းမဆက်ဆံရင် ခနနေမင်းမှာနောင်တရစရာကိစ္စတွေ ရှိလာနိုင်တယ်နော် "

အနီးရှိဆိုဖာထိုင်ခုံပေါ်တွင် စွေ့ခနဲဝင်ထိုင်ပြီး ရှိန်းတေဇက စစ်နေခကိုမကြည်မသာကြည့်ကာပြောသည်။ စစ်နေခကတော့ ၎င်း၏အပြောကို သိပ်ဂရုမစိုက်။

"မင်းကြောင့်ငါဆုံးရှံးထားတဲ့ငွေတွေ ပြန်ရှာဖို့ကြိုးစားနေတဲ့အချိန်မှာ မင်းကငါ့ကို နှစ်သိမ့်ပေးဖို့ လာတယ်လို့လည်း မပြောနဲ့ မင်းကို တစ်စက်လေးမှ မယုံဘူး ''

"မင်းကလည်းကွာ မင်းဆုံးရှုံးသွားတာ နည်းနည်းပါ၊ ပြီးခဲ့တဲ့နှစ်တုန်းက မင်းငါ့ကိုဘတ်သွားတာထက်စာရင် မင်းခံရတာက နည်းပါသေးတယ် ''

"ဘတ်တယ်လို့ မပြောနဲ့ ၊ ငါက လက်ဦးမူရယူသွားတာလို့ပြော မင်းညံ့လို့ ခံလိုက်ရတာပါ ၊ ငွေနဲ့ပတ်သက်လာရင် မိသားစုတောင်မယုံရတာ မိတ်ဆွေသူငယ်ချင်းဆိုပြီး မင်းက လျော့တွက်မိမှာစိုးလို့ ငါကသင်ပြတာကွ ၊ ငါတောင်အချိန်ပုတ်သေးတယ် ''

ဘယ်လိုပြောပြော စစ်နေခကတော်တော်အရေထူပုံရလို့ ရှိန်းတေဇ ပြေးမထိုးရုံတမယ်ပင် ၊ သူတို့နှစ်ယောက်က သူငယ်ချင်းအရင်းကြီးဆိုပေမယ့် တစ်ချို့ကိစ္စတွေမှာ သာတဲ့သူက စားစတမ်းပါ ။ ထိုအချက်ကို နှစ်ဦးလုံးနားလည်ကြလို့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခံစားချက်ကိုခွဲကာ ယခုထိ သူငယ်ချင်းဆက်ဆံရေး ခိုင်မာနေဆဲဖြစ်သည် ။

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now