ep 28

30.2K 2.7K 125
                                    

နှစ်ရက် သုံးရက်လောက်နေတော့ ရှင်း နေကောင်းပြီဆိုလို့ စစ်နေခနဲ့ကုမ္ပဏီကို လိုက်သွားရန်ပူဆာလိုက်သည် ။ စစ်နေခက ဝမ်းသာအားရ ဖိတ်ခေါ်တာမျိုးမဟုတ်ပေမယ့် မငြင်းဆန်ဘဲ မင်းသဘော ဟုသာ ပြောဆိုပြီး ကုမ္ပဏီကိုခေါ်လာသည် ။ ဟိုရောက်တော့ စစ်နေခက အလုပ်လုပ်နေပြီး သူက ဆိုဖာပေါ်မှာထိုင်ကာ ထိုလူကြီးမျက်နှာကို ငေးမောကြည့်နေလိုက်သည်။

အဲ့ဒီလူနဲ့အဆင်ပြေပြေရှိခဲ့တဲ့အချိန်ကို မမှတ်မိတာက နှမြောစရာကောင်းလိုက်တာ ။

သူထင်တာက စစ်နေခဟာ CEO တစ်ယောက်ဖြစ်တာကြောင့် သူများကို လက်ညိုးထိုးခိုင်းရုံလို့ထင်ထားတာ အခုလိုကျတော့လည်း သူတွေးထားတာနဲ့ မတူပါလား ။ စားပွဲပေါ်က မုန့်ကိုစားလိုက် ဂိမ်းဆော့လိုက်နဲ့ အချိန်တွေကို သူ့တစ်ယောက်ထဲ ဖြုန်းနေလိုက်သည် ။ စစ်နေခနဲ့ စကားပြောချင်ပေမယ့် အဲ့လူကြီးက အလုပ်နဲ့လက် မပြတ်လို့ မနှောက်ယှက်ရဲဘူး။ နေ့လည်ခင်း မရောက်ခင်မှာ ရုပ်ရည်သန့်ပြန့်ပြီး အသက်လတ်ပိုင်း လူငယ်တစ်ဦး သူ့ဆီကိုတန်းတန်းမတ်မတ် ရောက်လာသည်။

" ဒါရိုက်တာ... အရင်အပတ်တုန်းက အဆုံးအဖြတ်ပေးဖို့ ကျန်ခဲ့တဲ့အစီရင်ခံစာတွေကို ပြန်စစ်ဆေးမလား၊ဒါက အစည်းအဝေးမှတ်တမ်းတွေပါ ''

" ဒါရိုက်တာဆိုတာ ကျွန်တော့်ကိုပြောတာလား ''

သူ့ကို တလေးတစားနဲ့ ဖိုင်တွဲတွေနဲ့အတူ လှမ်းပေးလိုက်တဲ့ ထိုလူတွေကိုကြည့်ပြီး ရှင်းမျက်လုံးပြူးသွားသည် ။ ထိုအခါကျမှ အလုပ်ပုံထဲရောက်နေတဲ့ စစ်နေခ ခေါင်းထောင်လာလေ၏ ၊ ချက်ချင်းပင် ရှင်းရဲ့အတွင်းရေးမှူးကို အော်ဟစ်လိုက်သည်။

"သူနေမကောင်းသေးဘူး ၊ သူ့ကို အလုပ်နဲ့ပတ်သက်တာ သွားမမေးသေးနဲ့ ၊ အဲ့မှတ်တမ်းတွေအကုန် ဒီယူလာခဲ့ ''

"ဟုတ် ဟုတ်ကဲ့ Boss''

"လောလောဆယ် ဒါရိုက်တာရှင်းညီရဲ့တာဝန်တွေကို ယာယီလွဲပြောင်းယူဖို့ လူတစ်ယောက် ငါစီစဉ်လိုက်မယ် ၊ပြီးတော့ သူနေမကောင်းသေးတာကို တခြားသူတွေ လုံးဝမသိစေနဲ့ ၊ ကြားထဲမှာလုပ်မယ့်အစည်းအဝေးတွေကို မင်းကကိုယ်စားတက်ပြီး ငါ့ကိုပြန်တင်ပြ ကျန်တာငါဆုံးဖြတ်မယ် ၊ ရှေ့လျှောက်တင်ပြစရာရှိရင် ငါ့အတွင်းရေးမှူးဆီ အရင်တင်ပြလိုက် ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now