ep 43

29.1K 2.4K 69
                                    

စားပွဲပေါ်ကဟင်းတွေကို တစ်ချက်ကြည့်ပြီး စစ်နေခကိုလည်း အံသြသလို ပြန်ကြည့်လိုက်သည် ။

"ဒါတွေအားလုံး ခင်ဗျားချက်ထားတာလား ''

"အင်း ''

"အရင်က ခေါက်ဆွဲတောင် မပြုတ်တတ်တဲ့သူက ဘယ်တုန်းက ထမင်းဟင်ချက်တတ်သွားတာလဲ''

"ကိုယ်က အစေ့ကျရာ အပင်ပေါက်တယ်လေ ''

စားပွဲဝိုင်းမှာ အိမ်ရှင်မိသားစုလည်းရှိတာကြောင့် စစ်နေခကို စကားနာမထိုးဘဲ ဟန်ပါပါနဲ့ စားပွဲပေါ်က အရွက်ကြော်တစ်မျိူးကို တူနဲ့ညှပ်ယူပြီးစားလိုက်သည် ။ ထိပ်တန်းစားဖိုမှူးတွေရဲ့လက်ရာကို စားနေကြဖြစ်တဲ့ ရှင်းအဖို့ အရသာက အတော်လေးကွာဟနေပေမယ့် ချစ်သူ့လက်ရာဆိုတဲ့စိတ်နဲ့ အရမ်းစားကောင်ဟန်ဖြင့် ဝါးနေလိုက်သည် ။

ထို့နောက် တခြားဟင်းတစ်ခွက်ကို မြည်းစမ်းလိုက်ရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်သည် ။ ဟင်းရည်ကိုလည်း တစ်ချက်မျှခပ်သောက်ပြီးနောက် မျက်ခုံးကိုပင့်တင်လိုက်သည် ။

ဟိုတစ်ခုနိူက်မြည်းလိုက် ဒီတစ်ခုနိူက်မြည်းလိုက် သူ့ဘာသူ စိတ်ထဲကနေ ဝေဖန်ရေးလုပ်ပြီး ခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေတဲ့ရှင်းကို စစ်နေခအပါအဝင် ထမင်းဝိုင်းတစ်ခုလုံးက ပြူးကြည့်နေကြသည် ။ အိမ်ရှင်အဖိုးက ရှင်းကို ကြည့်ပြီး ..

"စားမကောင်းဘူးလား သား ''

"ဟမ်း. . အမ်. . စားကောင်းပါတယ် ၊ သူချက်တာ ပထမဆုံးစားဖူးလို့ အံ့သြနေတာပါ''

"ဒါဆိုများများထည့်စားနော် ခွန်ချမ်းရီရဲ့ညီလေးဆိုတော့ အဖေတို့သားပဲပေါ့ ၊ ဒီမှာ ကိုယ့်အိမ်လိုသဘောထားပြီနေ ၊ လိုအပ်တာရှိရင်လည်းပြော''

ရှင်းလည်း ကယောင်ကတမ်းနဲ့ ခေါင်းငြိမ့်လိုက်မိသည်။ အမှန်ဆို အိမ်ရှင်အဖိုးကြီး မပြောခင်ကတည်းက သူက သူ့အိမ်လို သဘောထားပြီးသား။ စစ်နေခကတော့ ထမင်းပင် ဖြောင်ဖြောင့်မစားနိုင်ဘဲ သူ့ချစ်သူကို စိုးရိမ်စွာ ကြည့်ရင်း ။

" တကယ်စားနိုင်ရဲ့လား ''

"ဘာလို့မစားနိုင်ရမှာလဲ ခင်ဗျားချက်ထားတာပဲ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now