ep 44

29.7K 2.4K 126
                                    

စစ်နေခသည် လေးပင်တဲ့ခြေလှမ်းတွေနဲ့ ရှင်းရှိရာ အခန်းကိုပြန်ဝင်လာသည် ။ သူ့ဘဝတွင် သူစိမ်းမိသားစုကို နူတ်ဆက်ဖို့ ခက်ခဲခဲ့သော တစ်ခုတည်းသောအချိန်ဟုပင် ဆိုနိုင်၏ ။ သို့သော် ရှင်း၏မျက်နှာကိုမြင်ယောင်မိလျင် သူသည်အရာအားလုံးကို ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်၏ ။

သူ့ချစ်သူဟာ သူရှိရာကို အပြေးလာခဲ့ပြီး သူ့ကိုအိမ်ပြန်ဖို့ခေါ်ခဲ့သည် ။ သူလိမ်နေတာသိရက်နဲ့ သူ့အလိုအတိုင်း ဒီမှာနေပေးခဲ့သည် ။ တစ်နာရီလောက်ပဲဆိုရင်တောင် ရှင်းအတွက် လွယ်ကူမှာ မဟုတ်ဘူးဆိုတာ သူသဘောပေါက်လေသည် ။

အခန်းတံခါးဖွင့်လိုက်ပြီး ကုတင်ပေါ်ခွေခွေလေးအိပ်နေတဲ့ ရှင်းထံသို့ သူလျှောက်သွားလိုက်သည် ။ သူ့ကိုမြင်တော့ ရှင်းက စိတ်မကောင်းဟန်ဖြင့် ပြောလာသည် ။

"ကျွန်တော်က ခင်ဗျားနဲ့ယှဉ်ရင် တကယ်အသုံးမကျဘူးနော် ''

"မဟုတ်တာ အချစ်ရယ်၊ ကိုယ်သာအစောကတည်းက မင်းနဲ့ပြန်လိုက်ခဲ့ရင် မင်းအခုလို ခံစားနေရမှာမဟုတ်ဘူး ၊ ကိုယ်မှားသွားတယ် ။ ကိုယ်မင်းကို ဒီလိုမစမ်းသပ်ခဲ့သင့်ဘူး ''

ရှင်း နားမလည်သလို ဖြစ်သွားပြီး ဆတ်ခနဲထထိုင်လိုက်သည် ။

"နောက်ဆုံးတော့ ခင်ဗျားဟန်ဆောင်နေတာကို ဝန်ခံလိုက်ပြီပေါ့ ''

သူဟာ ရှင်းရဲ့ပါးပြင်ကို လက်နဲ့ ပွတ်သတ်ပြီး ..

"ကိုယ် တောင်းပန်ပါတယ် ။ ကိုယ်မင်းကို မယုံလို့မဟုတ်ပါဘူး ။ မင်းကိုယ့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ သိချင်ယုံသက်သက်ပါ

ရှင်းက မအံသြတဲ့ပုံစံနဲ့ စစ်နေခရဲ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ရင်း ဆိုလိုက်သည် ။

"ကိစ္စမရှိပါဘူး ခင်ဗျားမှာလည်း အကြောင်းပြချက်တစ်ခုခုရှိမှာပေါ့ ၊ အဲ့အကြောင်းပြချက်ကိုလည်း ကျွန်တော်မမေးဘူး ၊ ကျွန်တော့်အတွက် အရေးလည်းမကြီးဘူး ။ အရေးကြီးတာက ခင်ဗျားကို အိမ်ခေါ်ပြန်နိုင်ဖို့ပဲလေ ။ ခင်ဗျားမရှိရင် အိမ်ကအိမ်နဲ့မတူလို့ ခင်ဗျားပြန်လာမှ ဖြစ်မှာပါ ''

ချစ်သူနှင့် စီးချင်းထိုးခဲ့သော တစ်ထောင့်တစ်ည တိုက်ပွဲများWhere stories live. Discover now