လရောင်သွန်းစေသော.... Chapter (1)
စိမ်း ဒီနေရာကိုရောက်တိုင်း ရင်ထဲမဖော်ပြတတ်တဲ့
ခံစားမှုမျိုးရနေတတ်တယ်.....ပျံသန်းခြင်းနဲ့ကောင်းကင်ပြာကြားက နယ်နိမိတ်...
အကယ်၍သူမသာ တောင်ပံတစ်စုံပါခဲ့ရင်ရော
ကောင်းကင်ကြီးကိုငေးမောမိတဲ့အခါတိုင်း
ဒီလို ပျံသန်းချင်စိတ်တွေပေါ်နေဦးမှာလား.....
တိမ်သားအိအိလေးတွေကိုကိုင်ဆော့ပစ်ချင်စိတ်တွေ
ပေါ်နေဦးမှာလား....
လေဟုန်စီးရင်း လောကကြီးတစ်ခုလုံးကြားသွားအောင်
ဟစ်အော်ပျော်ပါးလိုက်ချင်စိတ်တွေရှိဦးမှာလား.....လေယာဉ်တစ်စီး သူမ ရှေ့မှာဆိုက်ရောက်လာတာကို
မြင်လိုက်မှ ပြတင်းပေါက်အပြင်ဘက်
ကောင်းကင်ပင်လယ်ကြီးထဲနှစ်မြောနေတဲ့
သူမအတွေးနဲ့ အကြည့်တွေကို ပြန်ဆွဲခေါ်လိုက်မိတယ်..
နေကာမျက်မှန်ကို အသာချွတ်လိုက်ပြီး သူမရဲ့
ပျံသန်းချင်တဲ့ အတွေးကို ပြန်ပြီးပြုံးမိပါတယ်....သူမ အနေနဲ့တောင်ပံမပါလို့ မပျံသန်းရပေမယ့်
ကောင်းကင်ကြီးရဲ့ အထိအတွေ့တွေကိုတော့
လေယာဉ်ပေါ်ကနေ အနီးစပ်ဆုံးခံစားခွင့်ရတဲ့
အတွက် မကျေမနပ်တော့ အရမ်းမဖြစ်မိ...."အင်း...ပိုက်ဆံဖောဖောသီသီသုံးနိုင်တဲ့နေ့ကျရင်တော့
Sky Diving သွားလုပ်ဦးမှပါ ဟင်း ဟင်း..."သူမရုတ်တရက်ထပြီး အညောင်းအညာဖြေဖို့ လက်ကိုဆန့်တန်းလိုက်တယ်....
"အား..."
သူမဘေးကလာတဲ့ အသံချိုချိုစူးစူးကြောင့်
အလန့်တကြားလှည့်ကြည့်လိုက်မိတယ်...စိမ်း ထက် အသက်အနည်းငယ်ကြီးမယ်လို့ထင်ရတဲ့
ကောင်မလေးတစ်ယောက်ရဲ့စကတ်ပေါ်
ကော်ဖီအချို့ဖိတ်ကျသွားတာကိုတွေ့လိုက်ရတယ်
ဖိတ်ကျသွားချင်းထရှောင်လ်ိုက်တာမို့ အရမ်းစိုသွားပုံ
မရလည်း သူမရဲ့ စကတ်အောက်ပိုင်းနား
သိသိသာသာကွက်သွားတာကိုတွေ့လိုက်ရတယ်...."ဟာ တောင်းပန်ပါတယ် အမရယ်
အားနာလိုက်တာ ကျမ...ကျမ...မတွေ့လိုက်လို့
တောင်းပန်ပါတယ်ရှင်.... အားနာလိုက်တာ..."
YOU ARE READING
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....