လရောင်သွန်းစေသောChapter (5)
မမသွန်းခေါင်းပေါ်မှာ ဦးချိုကြီး
နှစ်ချောင်းပေါက်နေတယ်။ ပြီးတော့ လက်ထဲမှာလည်း
မီးလျှံတွေဖွာထွက်နေတဲ့ ခက်ရင်းခွကြီးနဲ့....
မ ရဲ့ ခန္ဓာအစိတ်အပိုင်းတွေလှပပေါ်လွင်စေတဲ့
အ၀တ်အစားကို ချပ်ရပ်သေသပ်နေအောင်၀တ်ထားပြီး
ရွဲ့တဲ့တဲ့ အပြုံးနဲ့ စိမ်းကို အပေါ်ကနေ
မိုးပြီးစူးစိုက်ကြည့်နေတာ....စိမ်း.... သူမ လက် သံချိန်းတွေနဲ့
တုပ်နှောင်ထားခံရတယ်... လက်တင်မကဘူး...
ခြေထောက်တွေရော လည်ပင်းတွေရော လှုပ်လို့မရအောင် ချုပ်ထားခံရတယ်.....ခက်ရင်းခွကြီးကို လှုပ်ရင်းဆော့နေတဲ့ သွန်းရဲ့
လက်သွယ်လျလျလေးတွေကိုငေးရင်း စိမ်း
လန့်သလို ပျော်သလို ခံစားချက်တွေရနေတယ်....
သွန်း လည်းကြည့်နေရာကနေ စိမ်းမျက်နှာနား
တဖြည်းဖြည်းနီးကပ်လာပြီး
စိမ်းရဲ့ပါးကို..... သူမရဲ့ လျှာလေးနဲ့....."အိုး....."
"ဟင် စိမ်းဘာဖြစ်လို့လဲ....."ရုတ်တရက် စိမ်းတစ်ယောက်
သူမပါးသူမကိုင်ပြီး မျက်လုံးမှိတ်အော်လိုက်မိ
တာကြောင့် သူမရှေ့မှာထိုင်နေတဲ့ ကျော်ကျော်
လန့်သွားရပါတယ်......
စိမ်းလည်း ရှက်သွားတာမို့ က္ကနြေ္ဒပြန်ဆည်ရင်း"ဘာမဖြစ်ပါဘူး ရေခဲမုန့်နည်းနည်းအေးပြီး
ခေါင်းထဲထိစိမ့်သွားလို့....."
"ေဩာ် ဒါ Brain Freeze ဖြစ်တာ....
စိမ်းကလည်း ဖြည်းဖြည်းစားမှပေါ့....."
"အင်းပါ....."မနေ့ညကအိပ်မက်ကိုပြန်တွေးမိသွားရင်း
စိမ်း သူ့အတွေးသူမထိန်းနိုင်ဖြစ်သွားရတာ....
အင်းလေ.... သွန်းကဒီလောက်ထိ ဆွဲဆောင်နိုင်တာ...
အခုထိသူမနဲ့ခဏနေတွေ့မှာကိုလည်း
ခေါင်းထဲကထုတ်မရဘူး.....
လက်ထပ်တဲ့အခါ စိမ်းစိမ်းကားကားဖြစ်နေမစိုးလို့
တကူးတက လာချိန်းတွေ့ပေးတဲ့ ကျော့်ကျော့်ကို
အားနာမိပေမယ့်လည်း သွန်းရဲ့ ပန်းနုရောင်
နှုတ်ခမ်းသားလေးတွေကို စိတ်နဲ့ပုံဖော်ကြည့်နေမိတာ
ရပ်တန့်လို့မရနေဘူး.....ကျော်ကျော်လည်း သူမရဲ့ ရေခဲမုန့်ခွက်ကို
ငေးကြည့်ပြီးမှ
YOU ARE READING
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....