လရောင်သွန်းစေသော (Chapter 3)
စိမ်း ကိုယ်တိုင်ကလည်း ဒီညို့အားတွေဆီက ရုန်းမထွက်ချင်တော့ဘူး.....
သူမ ရဲ့ အရာအားလုံး သွန်းကိုပေးလိုက်တော့မယ်....။
မျက်လုံးလေး ဖြည်းဖြည်းချင်းမှိတ်သွားရင်း
သူမရဲ့ နှုတ်ခမ်းလေးကလည်း အသာအယာပွင့်ဟသွားတယ်...။ဒီအထိအတွေ့ပါပဲ.... သူမ တစ်သက်လုံးမေ့မရမယ့်
အထိအတွေ့ပေါ့.....။
အရင်တစ်ခါက ရုတ်တရက်ဖြစ်သွားတာမို့ သေချာမသိလိုက်ရပေမယ့် အခု သွန်း ရဲ့ နှုတ်ခမ်းသားနူးနူးညံ့ညံ့အိအိလေးတွေကို အကောင်းဆုံး ခံစားနေမိတယ်...။သူမ တို့နှစ်ယောက်ရဲ့ ပြင်းထန်တဲ့ ရင်ခုန်သံတွေက သူမ တို့ရဲ့အသိစိတ် ဖြည်းဖြည်းချင်းကိုဖုံးလွှမ်းသွားနေတယ်....။
အနမ်းတစ်ခုက အခုလို ရင်ထဲလှိုက်ခနဲ လှိုက်ခနဲ
ဖြစ်သွားလောက်အောင် လုပ်နိုင်မယ်လို့ စိမ်း တစ်ခါမှမတွေးခဲ့မိဖူးဘူး......။ပြင်ပလောကနဲ့ သူမ တို့ကမ္ဘာကြား လိုက်ကာ အနက်ရောင်ချထားရင်း ခံစားချက်တွေကို နှုတ်ခမ်းတွေကတစ်ဆင့် အဓိပ္ပါယ်ရှာနေကြတယ်....။
ဒါပေမယ့်.....။
စိမ်း ခေါင်းထဲ လက်ခနဲ အသိတစ်ချက်၀င်လာတယ်။
"ငါ့မိသားစု...."
၀ုန်းခနဲ သွန်းကို တွန်းထုတ်ပစ်လိုက်တယ်.....။
"စိမ်း ဘာဖြစ်လို့လဲ...."
သွန်း ကြမ်းပြင်ပေါ် ထိုင်ရက်ကျသွားရင်းက အလန့်တကြားပြန်မေးလိုက်တယ်....။ စိမ်း အားနာသွားပေမယ့် မျက်လုံး အတင်းမှိတ်ထားပြီး ခေါင်းကိုတအားခါရမ်းလိုက်တယ်။
"မသိဘူး ဘာတွေဖြစ်နေလဲ စိမ်း မသိဘူး
ကျမကိုယ်တိုင်လည်းမသိဘူး မမသွန်းလည်းမသိဘူး
ဘာမှမသိဘူး ကျမတောင်းပန်ပါတယ်...ကျမ..ကျမကိုအနှောင့်အယှက်မပေးပါနဲ့တော့....."စိမ်း မျက်ရည်တွေကျလာတယ်...။
ကုတင်ပေါ်ထိုင်ရင်းကပဲ မျက်ရည်တွေသုတ်နေမိတယ်။
ဒါပေမယ့် သွန်း.... သူမရော...သူမ ဘာဖြစ်သွားလဲ...။သွန်း မျက်နှာ တည်ငြိမ်လွန်းလှတယ်။
ခပ်ပြုံးပြုံးလေးပါပဲ.....။ အသက်ပုံမှန်လေး ရှုနေရင်းပဲအရမ်းကို ရင့်ကျက်လွန်းနေတယ်။ ဒါပေမယ့် ခါတိုင်းနဲ့မတူတာက
သူမ မျက်နှာ နီရှိန်းရှိန်းလေးဖြစ်နေသလိုပဲ...။
ပြီးတော့ မတ်တပ်ထရပ်ရင်းကပဲ ရုတ်တရက်ဆိုသလို သူမ အပြုံးနောက်မှာ ရွဲ့တဲ့တဲ့ အဓိပ္ပါယ် တစ်ခု ထည့်လိုက်တယ်....။
YOU ARE READING
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....