လရောင်သွန်းစေသော Chapter (6)
အလှည့်အပြောင်း ဆိုတာ တကယ်တမ်း ရယ်ရတယ်။
ကြောက်ဖို့လည်းကောင်းတယ်။ ဘယ်တော့မှ
ဖြစ်လာမယ့်အရာဆိုတာ မှန်းကြည့်လို့မရဘူးလေ။ရည်ရွယ်ထားတာတွေ အကုန်
ပြောင်းပြန် ကမောက်ကမတွေ
ဖြစ်သွားတဲ့ အချိန် လူတွေဘာတွေးကြမလဲ။
"ေဩာ် ကံကြမ္မာဆိုတာ ကြောက်စရာပါလား"
ဆိုတာပေါ့......
ဇာတ်လမ်းတစ်ခုမှာ ဘက်တွေ အများကြီးရှိမယ်ဆိုရင်
တစ်ကိုယ်ကောင်းဆန်လှစွာပဲ စိမ်း ပျော်မိသလိုပါပဲ။
ပျော်မိတယ်ဆိုတာထက် ခဏတာ ရင်အေးသွားတယ်
ဆိုရင်ပိုမှန်လိမ့်မယ်။ဒါပေမယ့် စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာတွေကြောင့်
တော့ ရင်ထဲနေမလို့မကောင်းဖြစ်မိပြန်တယ်။
အထူးသဖြင့် မမသွန်း မျက်နှာလေးပေါ့....။တစ်စစမြေကြီးတွေဖုံးသွားတာကို ကြည့်ရင်း
ရှိုက်သံအချို့ထွက်ပေါ်နေတယ်။
ကျော်ကျော့်အမေ ကင်ဆာတစ်ခုကြောင့်
ဆုံးပါးသွားတာပါ။
ကျော်ကျော် ကတော့ သူ့အဖေနဲ့စာရင်
သိပ်၀မ်းနည်းနေတဲ့ပုံမပေါက်ဘူး။
ခံစားချက်တွေ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတဲ့
ဖယောင်းတိုင်တစ်ခုလို မလှုပ်မယှက်ပဲရပ်နေတယ်။ငိုကြွေး၀မ်းနည်းမှုတွေကြားက သူမရဲ့ ခရမ်းပြာလေးကိုလှမ်းငေးလိုက်တယ်။
သူမ တစ်ရှူးတွေလောက်တောင် မနှစ်သိမ့်ပေးနိုင်တဲ့
စိမ်း ဆိုတာ တကယ်ကို မကောင်းတဲ့မိန်းမပါပဲ.......။====================================
အနှေးနဲ့အမြန်ပဲ စိမ်း မျှော်နေတဲ့
အချိန်ရောက်လာတယ်.....။
မင်္ဂလာပွဲ ဖျက်သိမ်းကြဖို့ ပြန်ညှိနှိုင်းကြတယ်....။
ကျော်ကျော့်အဖေအနေနဲ့စကားသံကို
အတတ်နိုင်ဆုံး တင်းမတ်ပြီးပြောနေလည်း
တစ်ချက်ချက်သိမ်၀င်သွားနေတယ်။
အင်းပေါ့လေ... ကိုယ့်အချစ်ကိုဆုံးရှုံးထားရတဲ့ချိန်
မင်္ဂလာပွဲကိုပြန်ဖျက်သိမ်းရတာ ဘယ်လိုခံစားရမလဲ
စိမ်း မှမမှန်းနိုင်ပဲ......။စိမ်း တောင် သူမ အဖေကိုပြန်စိုးရိမ်မိတယ်။
ဘာမှမဖြစ်ပါဘူးလို့တော့ ကိုယ့်ကို ပြန်ပြောမိသား။
YOU ARE READING
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....