Chapter (7)

1.7K 57 5
                                    

သူမ အတွက်တော့ တက္ကသိုလ်တက်ရတဲ
အချိန်တွေဆိုတာ သူမ ဘဝတိုးတက်ဖို့အတွက်
ကြိုးစားရမယ့်ကာလ လို့ပဲသူမ သတ်မှတ်တယ်။
သူမ အရမ်းကိုစာကြိုးစားတယ်။ စာမှမဟုတ်ဘူး
သူမ တာဝန်ကျတဲ့အရာမှန်သမျှ အမှားအယွင်း
မရှိအောင် သူမ လုပ်တတ်တယ်....။

သူမ ရဲ့အရမ်းကြိုးစားလွန်းတဲ့
စိတ်ကြောင့်ပဲဖြစ်ဖြစ် သူမ ရဲ့ သူမတူအောင်
​လှပတဲ့ရုပ်ရည်ကြောင့်ပဲဖြစ်ဖြစ် သူမကို
ချဉ်းကပ်တဲ့လူမရှိတာကြောင့် သူမ မှာ
ရည်းစားဆိုလို့ဝေးလို့ သူငယ်ချင်းတောင်
မရှိခဲ့ဘူး.....။

ဒါပေမယ့် သစ်ရွက်ခြောက်တွေဝေနေတဲ့
အဲဒီညနေခင်းတစ်ခုမှာ သူနဲ့စတွေ့ခဲ့တယ်။

"ခုံတန်းအရှည်ကြီးမှာတစ်ယောက်တည်းထိုင်
နေရတာမပျင်းဘူးလား ကောင်မလေး"

သူမ စာငုံ့ဖတ်နေရာကနေအပေါ်မော့ကြည့်တော့
တည်ကြည်ပြီး ဩဇာပါတဲ့အသံနဲ့လိုက်ဖက်စွာပဲ
အရမ်းယောကျ်ားပီသပြီး ညို့အားပြင်းတဲ့
ရုပ်ရည်နဲ့ယောကျ်ားတစ်ယောက်က
မိုးကြည့်နေတယ်....။

သူမ လွှမ်းထားတဲ့ အရိပ်နဲ့တင်သူ့အရပ်က
ခြောက်ပေလောက်ရှိမှန်းသိသာတယ်....။
သူမ အသာတကြည်ပဲပြုံးရင်း

"ပျင်းစရာကိစ္စရှိရင်တော့ပျင်းမှာပေါ့
ခုလိုထိုင်ပြီးလုပ်နေတယ်ဆိုထဲက မပျင်းလို့ပေါ့"

သူ နှာခေါင်းကလေမှုတ်သလိုတစ်ချက်ရယ်ရင်း
သူမဘေးကိုအတင်းဝင်ထိုင်တယ်။
သူ့ခန္ဓာကိုယ်ကြီးတာကြောင့်ရော ရုတ်တရက်
ဖြစ်တာကြောင့်ရော သူမ နည်းနည်းယိုင်
သွားတယ်....။
သူမ အနည်းငယ်စိတ်ရှုပ်ပြီး မျက်စောင်းလှလှလေးထိုးလိုက်ပေမယ့် အနောက်တိုင်း
မျက်နှာဘေးနဲ့ ကိုယ်တော်ချောက
ဂရုစိုက်ပုံမရဘူး......

သူမ ဘာမှထပ်မပြောဘဲ ကိုယ့်စာကိုပဲ
မျက်မှောင်ကြုတ်ပြီးအတင်းဖတ်နေတယ်။
ဒါပေမယ့်လည်း ဘယ်လိုလုပ်ရမလဲ။
တစ်ချက်တစ်ချက်သူမ နှာခေါင်းထဲဝင်လာတဲ့
သူရဲ့ကိုယ်သင်းနံ့ရယ် သူ့ကိုလှမ်းခိုးခိုး
ကြည့်မိနေတဲ့သူမ မျက်လုံးတွေကြောင့်ပဲ....။

သူ လည်းဘာမပြောပဲ သူတို့ထိုင်နေရာအနီးကို
ဝဲကျနေတဲ့သစ်ရွက်ခြောက်တွေကို
လိုက်ကြည့်နေတယ်.....။
ဒီလိုတိတ်ဆိတ်နေတာဟာ ဘာမှမဖြစ်သလို
ဟန်ဆောင်နေရတဲ့ ပျိုမေလေးသူမ အတွက်
အရမ်းရင်ခုန်စရာတွေဖြစ်လာတယ်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 01, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

လရောင်သွန်းစေသော (Myanmar Yuri Story)Dove le storie prendono vita. Scoprilo ora