လရောင်သွန်းစေသော (Chapter 4)
စိမ်း မျက်နှာတွေနီရဲနေမယ်ဆိုတာသူ့သူသိတယ်....
ရင်တွေတဒိန်းဒိန်းခုန်နေတာလည်းသိတယ်.....
နှာခေါင်းကနေလေရှူသွင်းရတာအားမရလို့
နှုတ်ခမ်းသားလေး အနည်းငယ်ပွင့်ဟသွားပြီး
အသက်ခပ်ပြင်းပြင်းလေးပါရှူနေမိတယ်...
မျက်လုံးမှိတ်ထားတော့ သူမ ခံစားနေရတာတွေကို
ပုံမှန်ထက်ပိုပြီး သတိထားမိနေသလိုပေါ့.....အချိန်အချို့ ကြာသွားပေမယ့်လည်
သွန်း ဆီက အခုထိ တုန့်ပြန်တာမကြားရသေး....
အနှုတ်သဘောဆောင်တဲ့ အဖြေ ကြားလာရမှာကို
ကြောက်နေပေမယ့် အခုချိန်မှာ ဘာမှမသိရသေးတဲ့
ခံစားချက်ကို စိမ်းပိုပြီး မုန်းနေမိတယ်...."ဟို...ဟိုလေ...."
သွန်း ရဲ့ ပထမဆုံးပြောလာတဲ့ စကားသံဖွဖွလေး
ကြောင့် စိမ်း မှိတ်ထားတဲ့ မျက်လုံးကို
မသိမသာဖွင့်ကြည့်လိုက်မိတယ်.....။စိမ်း ရင်တွေတလှပ်လှပ်ဖြစ်အောင်ဝုန်းဒိုင်းကြဲသွားသလို ခံစားလိုက်ရတယ်....။
အမြဲတမ်းလှပပြီး ဣနြေ္ဒအပြည့်နဲ့ စမတ်ကျနေတဲ့
မမ သွန်း ရဲ့မျက်နှာ အပျိုဖြန်းလေးတစ်ယောက်လို
ရှက်သွေးဖြာရဲနေတာကို အံအားသင့်ဖွယ်တွေ့
လိုက်ရလို့ပါ.....
သွန်း အတော့်ကို ရှက်ပြီး နေရခက်နေသလိုပါပဲ....
မျက်လုံးချင်းဆိုင်ကြည့်လ်ုက်တဲ့ စိမ်း ရဲ့
အကြည့်တွေကို သူမရဲ့ ရွှန်းလဲ့လဲ့ မျက်၀န်းတွေက
အပြေးအလွှားရှောင်ရှားနေကြတယ်.....။သိမ်၀င်သွားတဲ့ အသံကိုပြန်ချဲ့တဲ့အနေနဲ့
ချောင်းတစ်ချက်ဟန့်လိုက်ပြီး အတတ်နိုင်ဆုံး
တည်တည်ငြိမ်ငြိမ်နဲ့စကားပြန်စပါတယ်....." စိမ်း က မ ကိုချစ်တယ်ပြောတယ်နော်
ဒါဆို မ ကိုချစ်နေမှန်း စိမ်းဘယ်လိုလုပ်သိလဲ...
ဆိုလိုချင်တာကကွာ စိမ်းရဲ့အချစ်က ဘယ်လိုပုံစံလဲ"သူမ တို့ နီရှိန်းရှိန်းလေးဖြစ်နေတဲ့ ပါးမို့မို့လေးတွေကို
ကျော်လွန်ရင်း မျက်လုံးချင်းဆိုင်နိုင်ခဲ့ပါပြီ....
သွန်းရဲ့မေးခွန်းက အကဲစမ်းတယ်ဆိုတာထက်
သိလိုစိတ်ပြင်းပြနေတယ်ဆိုတာ သူမမျကိ၀န်းတွေက
စကားပြောနေကြပါတယ်.....။
YOU ARE READING
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....