Chapter (2)
"ဂျပန်မှာ ကျနော်တို့ Mainကုမ္ပဏီ ရှိတယ်ဗျ
အခုကျနော်တို့နိုင်ငံထဲမှာ ကျနော်တို့ က
ပထမဆုံး ကုမ္ပဏီခွဲဖြစ်တဲ့ အပြင် တံဆိပ်က
နာမည်ကြီးပြီးသားဆိုတော့ ကျနော်တို့ရဲ့
ရောင်းကုန်တွေကနေ အတော်လေး အမြတ်ရတယ်ပေါ့ဗျာ။ပြောရမယ်ဆိုရင် အတော်လေးကိုအဆင်ပြေတယ်ခင်ဗျ။ "
"ဒါဆို မင်းက အရမ်းကြီးကို အဆင်ပြေနေတာပေါ့
ဟုတ်လား မောင်ကျော်ကျော်"
"ဟဲ ဟဲ ဆိုကြပါစို့ ဦး.."စိမ်းရဲ့အဖေနဲ့ သူမ သူငယ်ချင်း တစ်ဖြစ်လဲ
သူမရဲ့ အနာဂတ် သတို့သားလောင်း
ကျော်ကျော် တို့ စကားတွေပြောနေကြတယ်။
ငယ်ကတည်းက မိဘချင်း ကလေးချင်း
ရင်းနှီးတာကြောင့် ဒီလိုပဲခင်ခင်မင်မင်ဖြစ်နေကြပေမယ့်
ဒီတစ်ခေါက် ခါတိုင်းနဲ့မတူတာတော့ စိမ်းခံစားနေမိတယ်။ရင်ထဲမွန်းကြပ်လာသလို အသက်ရှုမ၀သလို....။ဒါမှမဟုတ်...၊သူမ....သွန်း...။
သူမ ကြောင့်ပဲလား။သူမဆီပဲစိတ်ရောက်နေလို့လား။
မနေ့ကအကြောင်းတွေမပြောလောက်ပါဘူးနော်။
ကျော်ကျော်ရဲ့မိသားစုရဲ့ စိမ်းအပေါ်အကြည့်တွေက
တစ်မျိုးပဲ။ပြောများပြောလိုက်ပြီလား.....။"လက်ထပ်ခါနီး အခြားမိန်းကလေးကို နမ်းတဲ့ မိန်းမ"
အတွေးတွေနဲ့ တစ်ယောက်တည်း ဂယောင်ချောက်ချား
တွေဖြစ်နေမိတယ်။လက်သီးကို မသိမသာဖျစ်ညစ်ထားမိတယ်။ မပြောလောက်ပါဘူးနော်....။မဝံမရဲလှမ်းကြည့်လိုက်တော့
အစိမ်းရောင်လိုက်ကာတပ်ထားတဲ့ ပြတင်းပေါက်
နားမှာ သွန်းတစ်ယောက် စကားပြောနေကြတာကို
ပြုံးရင်းစိတ်၀င်တစားနားထောင်နေပါတယ်။ခရမ်းရောင်မြန်မာဆန်ဆန်၀တ်စားထားတဲ့သူမဟာ
အချိုးကျလွန်းပြီး ပြည့်တင်းလှပနေပါတယ်။
သူမရဲ့ ရင့်ကျက်နေတဲ့ အသွင်အပြင်က
စိမ်း နဲ့ သူမကြားက ၄နှစ်ဆိုတဲ့ အသက်ကွာခြားမှုကို
ပိုမိုတိုးသွားစေသလို...။သူမ ထိုင်နေတာကိုကြည့်ရင်း
စိမ်းရင်ထဲလှုပ်လှုပ်ရှားရှားဖြစ်သွားရပြန်တယ်။
ဟာ...ငါဘာတွေဖြစ်နေတာလဲ။ သွန်းကိုပြန်ကြည့်
လိုက်တော့ သူမကို ပြုံးရင်း ကြည့်နေရာကနေ
ပြန်လှည့်သွားတယ်...။ သူမ အပြုံးတွေက
စိမ်းရဲ့ ဂနာမငြိမ်ဖြစ်မှုတွေကို လိုက်မြှောက်ပေးနေသလို...။ စိမ်း မျက်နှာရှိန်းခနဲဖြစ်သွားရတယ်။
ပြီးတော့ သူမနားမလည်တဲ့ ခံစားချက်တွေကြောင့်
သူမသူ သူမ စိတ်ပျက်လာရတယ်။
ESTÁS LEYENDO
လရောင်သွန်းစေသော (Myanmar Yuri Story)
Romanceမိသားစုအခြေအနေကြောင့် လက်ထပ်ရတော့မယ့် စိမ်း ဆိုတဲ့ကောင်မလေး ..... တစ်ချိန်တည်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် စိမ်း ရဲ့ ရင်ကိုလှုပ်ခါသွားစေတဲ့ အချစ်မျိုးကိုကြုံလိုက်ရတယ်... ဒါပေမယ့် သူဟာ သွန်း ဆိုတဲ့ ကောင်မလေး ဖြစ်နေတဲ့အခါ.....