ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာခန်းမထဲမှာပေါ့......
အရာအားလုံးကအချစ်သံစဉ်လေးတွေနဲ့ပြီးပြည့်စုံလို့...
ချီးမြှောက်ကြတဲ့သူတွေကလည်းဝိုင်းဝိုင်းလည်လို့....
အဖြူရောင် Suit တွေနဲ့ကျွန်တော်တို့နှစ်ယောက်ဟာလည်းခန့်ညားလို့.....
ကြည်နူးမှုတွေကြားထဲအကြည့်ချင်းဆုံမိကြတဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့မျက်နှာပြင်ထက်မှာအပြုံးပွင့်ကိုယ်စီပိုင်ဆိုင်လို့.....
•The Sacrifice•
-ပထမဆုံးတွေ့ဆုံခြင်း-
သင်္ကြန်အတက်နေ့ရေတွေစိုရွှဲနေတဲ့ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်းများ။
လှေကားထစ်တစ်ထစ်ချင်းစီကနေရယ်မော စ နောက်ကျရင်းဆင်းလာတော့ကောင်လေးတစ်ယောက်အပေါ်ကိုတက်အလာနဲ့တိုက်မိကြသည်။
ထူးထူးဆန်းဆန်းကျွန်တော်တို့အုပ်စုထဲကမှကျွန်တော်နဲ့ဝင်တိုက်တဲ့ထိုကောင်လေးဟာမျက်ရစ်မပါပဲပြုံးလိုက်တိုင်းမျက်လုံးလေးတွေမှိတ်သွားသည်ကိုကျွန်တော်သတိထားမိလိုက်သည်။
ဖြူဥနေတဲ့အသားရည်ဟာရေစိုနေတဲ့အနက်ရောင်အကျႌပေါ်မှာထင်ရှားလွန်းလှသည်။
ကျွန်တော့်ကို "Sorry" လို့သာရိုးရိုးရှင်းရှင်းပြောပြီးအပေါ်ကိုတက်သွားတော့သည်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်အရှေ့ရောက်သွားကြပေမယ့်ကျွန်တော်ကတော့နေရာမှတစ်ဖဝါးမခွာသူ့နောက်ကျောကိုကြည့်နေမိတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ခဲ့ပေ။
ဘာလို့မှန်းမသိအခုမှစတွေ့ဖူးတဲ့သူကိုစွဲလန်းမိသွားတယ်လို့ပြန်တွေးရင်းကိုယ့်အဖြစ်ကိုယ်ရယ်ချင်မိသည်။
ကျွန်တော်က homo တစ်ယောက်ဖြစ်တယ်ဆိုတာသူငယ်ချင်းတွေအားလုံးနားလည်ပေးကြပေမယ့်ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းကတော့........
-ဒုတိယအကြိမ်ထပ်တွေ့ခြင်း-
သတင်းကျွတ်အပြီးမေမေနဲ့အတူမဝင်စဖူးတရားစခန်းဝင်မိရင်းကနေအဲ့ဒီမှာကျွန်တော်တို့ရဲ့နောက်တစ်ကြိမ်တွေ့ဆုံမှုလေးစတင်ခဲ့ပါသည်။
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။