စိုင်းစစ်သူ။
ကျွန်တော်ချစ်ရတဲ့သူ။
သူ့အနာကျက်ဖို့အတွက် ကျွန်တော်ကဆေးတစ်လက် ဆိုရင် အစားထိုးအချစ်ဆိုလည်း ကျေနပ်နိုင်ပါသည်။
သူ့ဒဏ်ရာတွေပျောက်ကင်းဖို့ ကျွန်တော်က အသုံးခံဆိုရင်လည်း ကျေနပ်သည်။
ကျွန်တော့်အချစ်တွေကို လျစ်လျူရှုပြီး သူကြိုက်သလို အသုံးချပါစေ။
ကျွန်တော့်ခံစားချက်တွေကို ချောင်ထိုးပြီး သူစိတ်တိုင်းကျ အစားထိုးပါစေ။
ကျွန်တော် အဆုံးထိ ကျေနပ်နေမှာပဲဖြစ်သည်။
"ထက်ယံ.."
ဒီနေ့ဟာ ကျွန်တော်တို့တွဲတာ တစ်ပတ်ပြည့်သောနေ့။
သူ့ခံစားချက်အစစ်အမှန်တွေကို အခုထိမသိရသေးပေမယ့် သူ့ရဲ့အစားထိုးခံဘဝနဲ့တင် ကျွန်တော်ကျေနပ်နေမိသည်။
သူ့အနားမှာအချိန်ပြည့်ရှိနေခွင့်ရပြီး သူ့ကိုဂရုစိုက်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ရွှေထက်တန်ဖိုးရှိသောအခွင့်အရေးကို ရလိုက်သလိုပင် ဖြစ်သည်။
ကျွန်တော်တို့အခုရောက်နေတာ လမ်းဘေးကကော်ဖီဆိုင်လေးတစ်ဆိုင်မှာပါ။
အပြင်မှာမိုးတွေသည်းနေလို့ မိုးတိတ်တာစောင့်ရင်း တွေ့တဲ့ဆိုင်ထဲ ခဏဝင်ထိုင်မိခြင်းဖြစ်သည်။
"ဘာသောက်မှာလဲလို့.."
"ကော်ဖီပဲသောက်တော့မယ်.."
"ကော်ဖီပူပူလေး နှစ်ခွက်ပေးပါ.."
ကျွန်တော်အတွေးလွန်နေတာနဲ့ စားပွဲထိုးလေးစောင့်ရတာကြာများကြာသွားလားမသိ။
စစ်သူက စားပွဲထိုးလေးကိုကော်ဖီနှစ်ခွက်မှာလိုက်မှ ထွက်သွားတော့သည်။
အရင်ရက်တွေက သူကျွန်တော့်ကိုမေးတဲ့ Gay တွေရဲ့အကြောင်းတွေကို ပြောပြခဲ့ပြီးဖြစ်သည်။
ပထမဆုံးကျွန်တော့်ကို စတွဲဖို့ပြောတော့ သူလည်း Gay တစ်ယောက်ဖြစ်ဖူးချင်တယ်လို့ပြောပြီး ကျွန်တော် ဘယ်ကနေဘယ်လို Gay စဖြစ်လာရလဲဆိုသော အကြောင်းများကို မေးခဲ့သည်။
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။