အဖြူရောင်ညစ်ညစ်ရှိသော လက်တန်းလေးပေါ်မှီပြီး လောကကြီးကိုကျောပေးထားသည်။
အောက်မှာသွားလာနေသော မီးရောင်စုံနှင့်ကားများ၊လူများ၊ဆူညံသံများအားလုံးကိုကျောခိုင်းပြီး ကျွန်တော် ဆေးလိပ်တစ်ဖွာ ဖွာထုတ်လိုက်သည်။
စစ်သူနဲ့ချိန်းထားသော ဒီနေရာမှာစစ်သူရောက်မလာသေးတာ ၅မိနစ်လောက်ရှိပြီ။
သူကအမြဲအေးဆေးလုပ်တတ်သလို ခပ်ပေါ့ပေါ့နေတတ်သူဖြစ်သည်။
ကျွန်တော်နဲ့ချိန်းတိုင်းအမြဲကြိုရောက်နေတတ်သူမှာ ကျွန်တော်တစ်ယောက်ပဲဖြစ်သည်။
စီးကရက်ကိုနောက်တစ်ကြိမ်ထပ်ဖွာရန် နှုတ်ခမ်းနားတေ့လိုက်တော့ ကျွန်တော့်လက်ကိုကိုင်ပြီး နှုတ်ခမ်းများအပေါ် နမ်းလိုက်သော ကောင်လေးတစ်ယောက်။
သေချာပါသည်။
စ်ိုင်းစစ်သူဆိုသော ကျွန်တော်ချစ်ရသူကောင်လေး။
စီးကရက်ကိုင်ထားသောလက်ကိုဖယ်ကာ ကျွန်တော့်နှုတ်ခမ်းများအပေါ် အချိန်အကြာကြီးနမ်းနေတော့သည်။
ကျွန်တော် သူ့အနမ်းများအပေါ်သာယာနေမိပြီး စီးကရက်တောင်လက်ထဲမှ လွတ်ကျသွားရသည်။
ကျွန်တော့်အတွက်သူက အဲ့လောက်တောင်ရူးသွပ်စွဲလမ်းစေသော မူးယစ်ဆေးပင်ဖြစ်သည်။
မကောင်းမှန်းသိရက်နဲ့ ပျော်ပျော်ကြီးသုံးစွဲနေမိတဲ့ မူးယစ်ဆေးလိုလူပင်ဖြစ်သည်။
ဒီအနမ်းဟာ သူနောက်ကျလို့ ကျွန်တော့်ကိုတောင်းပန်တဲ့အနေနဲ့ ပေးတဲ့အနမ်းဆိုတာ သိသာသည်။
သို့သော် သူမပြော။
ဘယ်တော့မှ မပြော။
တစ်ခုခုကိုထုတ်ပြောဖို့ သူ့အတွက်ခဲယဉ်းပုံရသည် ထင်ရသည်။
သူ့ခံစားချက်များကိုလည်း မပြော။
အနမ်းများကိုရပ်လိုက်ပြီး ကျွန်တော့်ကိုပြုံးပြသည်။
"ဒီနေ့ငါ့အိမ်ကလူတွေ ခရီးသွားကြတယ်.. သူတို့ကို လိုက်ပို့နေတာနဲ့ ငါနောက်ကျသွားတာ.. မင်း ငါ့အိမ်လိုက်ခဲ့ပါလား..."
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။