နန်းဟေမာန်လက်ဆွဲခေါ်သွားသောနောက် စ်ိုင်းစစ်သူ ကောက်ကောက်ပါသွားသည်။
ကျန်ခဲ့သောထက်ဝေယံကိုပင် လှည့်မကြည့်နိုင်လောက်အောင် နန်းဟေမာန်လက်များက တင်းကြပ်လွန်းသည်။
ခြေလှမ်းများကမြန်ဆန်လွန်းသည်။
"နန်းဟေမာန် လွှတ်တော့.."
မန္တလေးဆောင်မရောက်ခင် လူရှင်းသောလမ်းကွေ့တစ်ခုအရောက်မှာ စစ်သူအော်ပြောလိုက်သည်။
နန်းဟေမာန်လက်ထဲမှရုန်းထွက်လိုက်တော့ သူ့ဘက်က ပြန်ကြည့်နေသောအကြည့်များက တည်ကြည်လွန်းသည်။
"မင်းဘာလုပ်တာလဲ.. မင်းခေါ်ချင်တိုင်းခေါ်လာရအောင် ငါတို့ကဘာမို့လို့လဲ.."
စစ်သူဒေါသဖြင့် ကျယ်လောင်စွာအော်လိုက်တော့ သစ်ပင်ပေါ်မှငှက်လေးများပင် ပျံပြေးကုန်ကြသည်။
"ချစ်သူတွေလေ...."
"Haha..မင်းရူးနေတာပဲ.. နန်းဟေမာန်...မင်းနဲ့ငါ ကိစ္စက ပြီးသွားတာကြာပြီ.. ဘာလဲ.. မင်းကောင်က မင်းကို ပစ်သွားလို့ ငါ့ဆီပြန်ပြေးလာတာလား.. ဟုတ်လား.."
လှောင်ပြုံးပြုံးပြီး နန်းဟေမာန်ကိုခနဲ့တဲ့တဲ့ပြောနေသော စစ်သူပုံစံမှာ ဇာတ်လမ်းထဲမှ လူကြမ်းတစ်ယောက်နှင့်ပင် တူနေသည်။
"မဟုတ်ဘူး စစ်သူ..နင်မှားနေပြီ..နင်အထင်လွဲနေတာ..သူကသူငယ်ချင်းသက်သက်ပဲ.. ငါ့ကိုတစ်ဖက်သက်ကြိုက်နေတာပဲရှိတာ ငါသူ့ကိုစိတ်တောင်မဝင်စားဘူး..စစ်သူ.. ငါနင့်တစ်ယောက်တည်းကိုပဲ ချစ်တာ.."
နန်းဟေမာန်ဘက်က ပြတ်သားစွာပြောလိုက်တော့ စစ်သူဒေါသများငြိမ်ကျသွားသည်။
ရုတ်တရက်သူမနဲ့တွေ့ခဲ့တုန်းက အချိန်များကိုပြန်သတိရမိသည်။
သူမကိုဘယ်လောက်ချစ်ခဲ့မိကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိလာသည်။
သို့သော် ထက်ယံရဲ့နှုတ်ခမ်းများကိုလည်း ပြန်မြင်ယောင်လာရပြန်သည်။
ထက်ယံကိုထိတွေ့ခဲ့သော ပုံရိပ်များ မျက်လုံးထဲပြန်မြင်ယောင်လာပြီး ချစ်တယ် ချစ်တယ် တစ်ဖွဖွပြောခဲ့ဖူးသော ထိုကောင်လေးရဲ့အသံများကိုပင် ပြန်ကြားယောင်လာသည်။
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။