ကျွန်တော် Gay ဆိုတာ သိသွားသော်လည်း သူငယ်ချင်းကြား ခင်မင်မှုမှာ မပျက်။
အစပိုင်းတော့ အံ့သြခဲ့ပေမယ့် နောက်ပိုင်းတော့ တခြားသူငယ်ချင်းများလို နေသားကျလာပါသည်။
အရင်လို ကန်တင်းအတူထိုင်ဆဲ၊ အတူလျှောက်သွားကြမြဲပင်။
ခင်မင်မှုကာလကြာလာတော့လည်း စတွေ့တုန်းကလို မဟုတ်တော့ပဲ အတော်ရင်းနှီးလာကြပြီလည်းဖြစ်သည်။
ဒီနေ့သောကြာနေ့မို့ အတန်းစောစောပြီး၍ ကျွန်တော် အိမ်ပြန်ခဲ့သည်။
သူနဲ့ကျွန်တော့်ကြားကခင်မင်မှုလေးကို တွေးရင်း တစ်လမ်းလုံးပြုံးလာလို့ဘေးကလူများပါ ဝိုင်းကြည့်ကုန်ကြသည်။
ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရင်း အိမ်သို့ဦးတည်လျှောက်လာခဲ့သည်။
အိမ်နားရောက်ခါနီး ဘောင်းဘီအိတ်ထဲမှ တုန်ခါမှုကြောင့် ကျွန်တော် ဖုန်းကို ထုတ်ကြည့်လိုက်သည်။
စစ်သူ 💓 ဆိုသော Contact လေးမှာ နေရောင်ဖျော့ဖျော့အောက်အထင်းသားမို့ ကျွန်တော့်နှုတ်ခမ်းတွေ ထပ်မပြုံးပဲ မနေနိုင်တော့။
"ဟယ်လို.."
"ထက်ယံ မင်းဘယ်မှာလဲ.."
"အိမ်ပြန်နေတာ.. ဘာလို့လဲ..."
"ငါ့ဆီခဏလာခဲ့ပါလား ငါတို့အတူသောက်ရအောင်.."
သူပြောတဲ့ Bar ကိုသွားပြီးကြည့်တော့ သူကသောက်နေတာ တစ်ဝက်ကျိုးနေပြီဖြစ်သည်။
"စစ်သူ.. မင်းဘာလို့အဲ့လောက်သောက်နေတာလဲ ညနေဘက်ကြီး.."
"ငါ...သူနဲ့ပြတ်သွားပြီ.. ထက်ယံ.."
"ဘာာာ...."
ကျွန်တော့် အာမေဋ္ဋိတ်သံရဲ့ကျယ်လောင်မှုကြောင့် ဘေးကကောင်မလေးတစ်ချို့ ကျွန်တော်တို့ကို လှည့်ကြည့်လာကြသည်။
ကျွန်တော် အသံနှုန်းပြန်လျှော့ရင်း စစ်သူဘေး ဝင်ထိုင်လိုက်သည်။
သူငဲ့ပေးသော ကော့တေးကို တစ်ငုံသာသာ မော့ရင်း မျက်နှာရှုံ့မိသည်။
"ပြောပါဦး... ဘယ်လိုဖြစ်ကြတာလဲ..."
"သူကငါ့ကွယ်ရာမှာ ဖောက်ပြန်နေတယ်လေ.. ဟဟ.."
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။