အိုဟောင်းနေပြီဖြစ်သော်လည်း ကျောင်းဂုဏ်ဆောင်သည့် နာမည်ကြီးသစ်ပုတ်ပင်ကြီး ရှိရာနားသို့ ရောက်သောအခါ ဂျင်းအရောင်ကျောပိုးအိတ်လေးကို လွယ်လျက် တစ်ဖက်ကလည်း ဖုန်းပြောနေရင်း ခပ်သွက်သွက်လျှောက်လာသူ စိုင်းစစ်သူကို တွေ့နေရသည်။
မျက်နှာချင်းဆိုင်မို့ ရှောင်လွှဲမနေတော့ပဲ ရင်ဆိုင်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။ သူ့ဘက်ကလည်း ဖုန်းပြောနေရင်း လက်လှမ်းပြကာ ကျွန်တော့်ဆီလာနေသည်။
အနားရောက်တော့ ဖုန်းကိုအမြန်ချလိုက်သည်ဟု ထင်ရအောင် အလျင်လိုနေသည်။ ကျွန်တော့်ကိုကြည့်၍လည်း အပြုံးမပျက်။
မျက်နှာချိုလိုက်တာ.....
မျက်စိမှေးမှေးတွေနဲ့ ကျွန်တော့်ကို ချစ်ဖို့ကောင်းအောင် ပြုံးပြနေတဲ့ ထိုကောင်လေးကိုကြည့်ရင်း ရေစိုနေတဲ့ အနက်ရောင်အကျႌလေးနဲ့ ပြုံးပြခဲ့သော သူ့အပြုံးလေးများကို ပြန်သတိရမိလာသည်။
ဘယ်သူဘယ်ဝါမှန်းမသိ ပထမဆုံးသူ့ကို တွေ့ခဲ့စဉ်တုန်းက..
"ဘယ်သွားမလို့လဲ.."
သူမေးလိုက်တဲ့မေးခွန်းအဆုံးမှာ ကျွန်တော်ပထမဆုံး မျက်တောင်ခတ်မိသည်။ သူ့ကိုကြည့်နေမိတာ မျက်တောင် တောင် ခတ်ဖို့မေ့နေခဲ့သည်အထိ။
"ကျောင်းသားရေးရာသွားမလို့.."
"ငါကအဲ့ဒီကပြန်လာတာ.. မင်းသွားမယ်ဆို လိုက်ပေးမယ်လေ.."
"မင်းအတန်းမရှိဘူးလား.."
"မတက်တာကွ... ငါဒီနေ့ ချိန်းထားလို့... လာလေ.. သွားမယ်.."
ရှေ့ကဦးဆောင်ပြီး ထွက်သွားသော သူ့ပုခုံးကျယ်များကို ကြည့်ရင်း လိုက်သွားမိသည်။
လမ်းကွေ့ရောက်တော့ သူကကျွန်တော့်ဘက် လှည့်လာပြီး ပြောသည်။
"ငါတို့နဲ့ လိုက်ခဲ့မလား.. ငါ့သူငယ်ချင်းတွေလည်း ပါတယ်.. မင်းနဲ့မိတ်ဆက်ပေးမယ်လေ..."
"ရပါတယ် မင်းတို့ပဲ လွတ်လွတ်လပ်လပ်သွားပါ.."
"လာပါကွာ မင်းကလည်း.."
အေးစက်သော လက်တစ်စုံဖြစ်ပေမယ့် နူးညံ့သော အထိအတွေ့။
ပထမဆုံး သူ့ဆီကရသော နွေးထွေးမှု။
YOU ARE READING
The Sacrifice
Short Storyကျွန်တော့်အချစ်ဟာ စွန့်လွှတ်ခြင်းသက်သက်သာဖြစ်ခဲ့ပါသည်။ သူပျော်ရွှင်ဖို့အတွက် ကျွန်တော့်အချစ်နဲ့ စတေးခံခဲ့ပါတော့သည်။