Flashback(ပဲရစ်မှမပြန်ခင်ည)
Baekhyun's point of view
Baekhyun သူရေးထားတဲ့noteလေးကိုအခါခါပြန်ဖတ်နေမိသည်။
အခုလိုသူ့ရဲ့အရဲစွန့်မှုအတွက်ဖြစ်ပေါ်လာသောကြောက်စိတ်နှင့်မဝင့်ရဲသောစိတ်တို့ကြောင့်သာမန်ထက်မြန်နေသောနှလုံးခုန်သံကိုရင်ဘက်ပေါ်လက်တင်၍အသာစမ်းကြည့်မိသည်။
သူဘယ်လိုကြောင့်ခုလိုစွန့်စားချင်ရတာလဲ...ဘယ်ကနေဒီလိုသတ္တိမျိုးရတာလဲသူကိုယ်တိုင်ပင်မတွေးတတ်...
သူ့ရဲ့လုပ်ရပ်အတွက်Minheeအပေါ်အားနာစရာများဖြစ်နေလား...ဒါပေမယ့်သူထင်သည်...သူ သူများချစ်သူကိုအတင်းလုယူတာမှမဟုတ်တာ...သူ့ရဲ့ခံစားချက်ကိုအရိုးသားဆုံးဝန်ခံတာပင်...
ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာကChanyeolအပိုင်း...ယောက်ျားပီပီကိုယ့်ခံစားချက်ကိုယ်ဝန်ခံရမှာကသူ့တာဝန်...နောက်ဆုံးအနေနဲ့အခေါက်ခေါက်အခါခါဖတ်ပြီးသောစာလေးကိုထပ်ဖတ်လိုက်သည်။
In letter
Chanyeol shi
ဒီလိုရေးရတာကျွန်တော်နည်းနည်းတော့စိတ်လှုပ်ရှားမိတယ်
ခုနကညစာစားရင်းပြောခဲ့တဲ့ကျွန်တော့်ရဲ့မုသားတွေအတွက်ခွင့်လွှတ်ပါ
ကျွန်တော်ဒီစာကိုရေးသင့်မရေးသင့်အများကြီးစဉ်းစားခဲ့ပါတယ်ဘာလို့လဲဆိုတော့...Chanyeolကတစ်ခြားလူတစ်ယောက်ရဲ့ချစ်သူဖြစ်နေလို့
အဲ့အတွက်လည်းMinheeကိုအားနာပါတယ်
ဒါပေမယ့်ကျွန်တော်ကယောက်ျားလေ...
အဲ့တာကြောင့်ကျွန်တော့်စိတ်ကိုအရိုးသားဆုံးဝန်ခံပါရစေ"ကျွန်တော်ခင်ဗျားကိုချစ်တယ်"
ဒါပေမယ့်ခင်ဗျားကကျွန်တော့်ကိုမဖြစ်မနေပြန်ချစ်ရမယ်လို့မဆိုလိုပါဘူး
ခင်ဗျားကMinheeကိုရွေးချယ်ခဲ့ရင်လည်းသူနဲ့ပြန်လိုက်သွားပါ...
ကျွန်တော့်ကိုအားမနာပါနဲ့
အကယ်၍....အကယ်၍ပေါ့နော် ကျွန်တော့်ကိုရွေးချယ်ခဲ့မယ်ဆိုရင်လေ...
Pont de Art တံတားနားကSeineမြစ်ကမ်းဘေးကိုလာခဲ့ပါ...ကျွန်တော်စောင့်နေပါ့မယ်
ကျွန်တော်နဲ့နောက်flightနဲ့မှပြန်ပါ...ဟိုနေ့ကဖြစ်ခဲ့တဲ့ကိစ္စကြောင့်ဆိုရင်တော့အားနာပြီးကျွန်တော့်ကိုမရွေးချယ်ပါနဲ့
ကျွန်တော်ကိုယ်တိုင်ကျေနပ်ခဲ့တာကြောင့်ပါ
YOU ARE READING
UNEXPECTEDLY
Fanfictionအချစ်မြို့တော်ကြီးကပေးလိုက်တဲ့မမျှော်လင့်ထားတဲ့လက်ဆောင်လေးတစ်ခု~~~