Part-40

5K 471 25
                                    

Zawgyi❤

Honeymoonကပြန်​​ရောက်​​ရောက်​ခြင်းပူပူ​နွေး​နွေးလက်​ထပ်​ထား​သောcouple​လေးမှာအလုပ်​ကို​တန်း​ပြေးရ​လေသည်​။
ခွင့်​ရက်​၁၀ရက်​ကပြည့်​ပြီကိုး။
စိတ်​ကူးယဉ်​ဖို့​ကောင်း​သောညားကာစဘဝလို...
မနက်​မိုးလင်းရင်​မင်းမျက်​နှာ​လေးကြည့်​ပြီးထမယ်
ရင်​ခွင်​ထဲအတင်းတိုးအိပ်​လာတဲ့မင်းကိုဖက်​​ထားမယ်
အကြင်​နာအနမ်း​တွေတူတူမျှ​ဝေမယ်
မင်းနဲ့အတူမျက်​နှာသစ်​​၊သွားတိုက်​ပြီးမင်းပြင်​​ပေးတဲ့အဝတ်​စားကိုဝတ်​မယ်
မင်းဟင်းချက်​​နေတဲ့အချိန်​​နောက်​က​နေbackhug​လေးဖက်​ထားမယ်
မနက်​စာကိုမင်းမျက်​နှာ​လေးကြည့်​ရင်းဇိမ်​ခံစားမယ်

အဲ့ဒါ​တွေဟာတကယ်​​တော့လက်​​တွေ့ဘဝနဲ့အနည်းငယ်​ကွဲလွဲလို့​နေသည်​။

ပွင့်​လင်းရာသီ​ရောက်​လာပြီဖြစ်​၍ကုမ္ပဏီက​နေဒီဇိုင်းအသစ်​ဖက်​ရှင်​အသစ်​​တွေထုတ်​ဖို့အားလုံးအလုပ်​များ​နေကြပြီ။ဒီအချိန်​မှာဒီဇိုင်ဌာနက​အဖွဲ့မှူးတစ်​ဦးဖြစ်​သည့်​Byun Baekhyunကဟန်းနီးမွန်းမှာ​​အေး​ဆေးအနားယူ​နေသည်​ဆိုတာက​တော့သိပ်​မဟုတ်​​သေး။Chanyeolလည်းတူတူပင်​... ဆက်​ခံသူအဖြစ်​ရာထားခြင်းခံရသည့်​အပြင်​ဒါရိုက်​တာဆိုသည့်​ရာထူးကိုပါယူထား​သော​ကြောင့်​ကိစ္စအဝဝကသူ့​ခေါင်း​ပေါ်၌သာ...
ထို့အပြင်​သူတို့နှစ်​​ယောက်​၏လက်​ထပ်​ပွဲ​ကြောင့်​ဖြစ်​​ပေါ်လာသည့်​ရှယ်​ယာ​ဈေးကွက်​မငြိမ်​သက်​မှုသည်​လည်းအခုထိပင်​...
မိတ်​ဖက်​ကုမ္ပဏီများမှလွဲ၍တစ်​ချို့​သောကုမ္ပဏီများကလည်း​နောက်​ကွယ်​က​နေရှယ်​ယာများလိုက်​ဝယ်​​နေကြသည်​။
သတင်းမီဒီယာတစ်​ချို့၏​သွေးထိုးမှု​ကြောင့်​လည်း​ဝေဖန်​တိုက်​ခိုက်​မှုများစွာခံ​နေရပြီးထယ်​​ဆောင်းလူသုံးကုန်​များကိုမသုံးစွဲကြရန်​တိုက်​တွန်း​နေသူများလည်းရှိ​ပေသည်​။

သို့​ပေမယ့်​မလွယ်​ကူတဲ့လမ်းကိုသူတို့ကိုယ်​တိုင်​​ပျော်​​ပျော်​ကြီး​ရွေးချယ်​ခဲ့ကြတာပဲမှတ်​လား။ လူတိုင်းရဲ့ရှုံ့ချပြစ်​တင်​မှု​တွေကိုလိုက်​နား​ထောင်​ပြီးစိတ်​ဆင်းရဲခံ​နေမယ့်​အစားဒီအခက်​အခဲကိုဘယ်​လို​ကျော်ဖြတ်​ရမလဲဆိုတာပဲ​ခေါင်းထဲထည့်​​တော့သည်​။နားလည်​​ပေးတဲ့မိဘ​တွေကိုရထားတာနဲ့တင်​သူတို့အ​တော်​ကံ​ကောင်း​နေပါပြီ။

UNEXPECTEDLYWhere stories live. Discover now