Part-26

8.3K 826 100
                                    

Zawgyi❤

Sehunတစ်​​ယောက်​သူ့​ရှေ့ကနှစ်​​ယောက်​ကို​သေချာကြည့်​​နေသည်​။

ထူးဆန်းတယ်​...ထူးဆန်းတယ်​...​တော့်​​တော့်​ကိုထူးဆန်း​နေတာ

"Yah...Oh Sehunမစားဘဲနဲ့ဘာလုပ်​​နေတာလဲ"

Arnyi...

"Chanyeol...မင်းထမင်းထပ်​ယူအုံးမလား"

"အင်း😊"

အဟွတ်​ အဟွတ်

အရင်​​နေ့​တွေတုန်းကဆန်​​ဈေးတက်​လို့ညည်း​နေတဲ့Byun BaekhyunကPark Chanyeolကိုထမင်း​တွေ​သေချာထပ်​ထည့်​​ပေး​နေ​သောကြောင့်​သီးပါသီးသွားသည်​။

ထည့်​​ပေးပြီးရုံနှင့်​မပြီးသွား...တစ်​​ယောက်​ပန်းကန်​ထဲတစ်​​ယောက်​ကအသား​တွေနွှင်​ပြီးထည့်​​ပေး​နေ​သေးသည်​။

Hyunne​လေးမှာလည်းအပြန်​အလှန်​ဟင်းခပ်​ထည့်ပေးနေကြသောသူ့Appaနဲ့Arjushiကိုဇွန်း​လေးကိုက်​ပြီး​ငေးကြည့်​လျက်​...

Sehunလည်း​ရှေ့ကနှစ်​​ယောက်​မ​တွေ့ခင်​သူ့​ရှေ့ကတစ်ခုတည်းကျန်​သော​​​အသားပြား​ကြော်​ကိုတူနဲ့လှမ်းညှပ်​လိုက်​သည်​။

သို့​သော်​သူ့ထက်​လျင်​​သောPark Chanyeolကဆွဲယူလိုက်​ပြီးBaekhyunနဲ့Hyunneကိုတစ်​​ယောက်​တစ်​​ဝက်​စီဖဲ့​ပေးလိုက်​သည်​။

သူ့ကိုဘယ်​သူမှအဖတ်​မလုပ်​​သောထမင်းစားပွဲတွင်​Sehunဆက်​ထိုင်​ချင်​စိတ်​ပင်​မရှိ​တော့...

စား​သောက်​ပြီး​သောအခါပန်းကန်​​ဆေး​နေ​သောHyungနားSehunအသာကပ်​သွားလိုက်​သည်​။

Hyung!

Wae...

"Hyungနဲ့Chanyeol Hyungကဘာဖြစ်​​နေကြတာလဲ"

"ဘာဖြစ်​လို့လဲ"

"လိုတာထက်​ပို​နေကြလို့​လေ...ကျွန်​​တော့်​ကိုလည်းဝိုင်းပယ်​ထားတယ်​"

ခပ်​မဲ့မဲ့​ပြောလာ​သောSehunကိုကြည့်​ပြီးBaekhyunပြုံးမိသည်​။

လူကသာကြီးလာတာ...စိတ်​ကက​လေးစိတ်

သူငယ်​ချင်း​တွေကြားမှာသာလူတတ်​ကြီးလို၊ရင့်​ကျက်​​နေသူကြီးလိုလုပ်​​နေတတ်​​ပေမယ့့်​Baekhyunအ​ပေါ်မှာ​တော့Hyunneနဲ့အပြိုင်​ချွဲတုန်း

UNEXPECTEDLYWhere stories live. Discover now