Part-11

7.6K 763 42
                                    

"Minhee ya
ဘယ်​လို​ရောက်​လာတာလဲ"

"Eomeonyiနား​မေးလိုက်​တာ​လေ...
ဘာလို့မ​ပြောမဆိုနဲ့ထွက်​သွားတာလဲ...လူကိုစိတ်​ပူ​အောင်​"

"Awwဒီတိုင်းစိတ်​ရှုပ်​လို့"

"ဒါနဲ့သူက..."

Minheeတစ်​​ယောက်​အခုထိတွဲထားဆဲဖြစ်​​သောChanyeolနဲ့Baekhyunတို့ရဲ့လက်​တို့ကိုကြည့်​ရင်း​မေးလာသည်​။

"Arr
Annyeonghaseyo Chanyeol Chingu Byun Baekhyun mita"

Baekhyunသူ့လက်​ကိုChanyeol၏လက်​ထဲမှရုန်းထွက်​ရင်း​မိတ်​ဆက်​လိုက်​သည်​။

Chanyeolက​တော့ဘာမှဝင်​မ​ပြောမိ...

"Oppa Khaja Oppaအခန်းထဲမှာစကားသွား​ပြောရ​အောင်​"

Minhee Chanyeol၏လက်​​မောင်းများကိုချိတ်​ရင်းဆိုလာသည်​။Chanyeolဖယ်​မထုတ်​မိပင်​မယ့်​မျက်​လုံးများကMinheeဆီမှာမရှိဘဲတစ်​ဖက်​ကBaekhyunဆီမှာ​ရောက်​​နေသည်​။

သူဦး​နှောက်​​တွေရပ်​တန့့်​သွားတာလား...ဘာကိုမှမစဉ်းစားတတ်​​တော့
Chanyeol...အသိစိတ်​ပြန်​ကပ်​တဲ့အချိန်​သူMinheeနဲ့ဓာတ်​​လှေကားထဲ​တောင်​​ရောက်​​နေပြီ

❤❤❤❤❤❤❤❤❤❤❤

Baekhyunတစ်​​ယောက်​Hotelအပြင်​ထွက်​ပြီးပန်းခြံ​လေးနားကခုံတန်း​လေးမှာထိုင်​​နေလိုက်​သည်​။
စိတ်​ရှုပ်​​နေတာလားဝမ်းနည်း​နေတာလားသူကိုယ်​တိုင်​လည်းမသဲကွဲ...သူ့ရင်​ထဲမှာဆို့​နေတာပဲသိသည်​။

"ဘာဖြစ်​​နေတာလဲByun Baekhyunရယ်​...ဒီ​နေ့မဟုတ်​လည်းမနက်​ဖြန်​ကြုံရမှာပဲ"

Baekhyun သူ့ဘာသာသူတိုးတိုး​လေးဆိုမိသည်​။

Baekhyuna!!!

ငိုက်​စိုက်​ချထား​သော​ခေါင်းကို​ထောင်​ပြီးအသံလာရာကိုကြည့်​လိုက်​သည်​။

ဘောင်းဘီအိတ်​ကပ်​​လေးထဲလက်​နှိုက်​ပြီးသူ့အနားတစ်​ဖြည်းဖြည်း​လျှောက်​လာ​သောChanyeolကိုကြည့်​၍
သူကမင်းရည်းစားအစစ်​အမှန်​မဟုတ်​ဘူး...အခုကဂိမ်းကစား​နေတာ...တစ်​ချိန်​ကျရင်းသူချစ်​တဲ့သူဆီပြန်​မှာဘဲ...မင်းနဲ့သူကမဆိုင်​တဲ့သူ​တွေ...စသည်​စသည်​ဖြင့်​ဦး​နှောက်​၏သတိ​ပေးမှုများစွာကိုBaekhyunကြား​နေရသည်​။

UNEXPECTEDLYWhere stories live. Discover now