Zawgyi❤
နှင်းစက်နှင်းမှုန်များကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးအုံ့ဆိုင်းနေသောခရစ်စမတ်နေ့မနက်ခင်း...
သူရိန်နေမင်းကြီးမှကြင်နာစွာစွန့်ကြဲသောနေရောင်ခြည်နုနုများကလည်းနှင်းငွေ့ရိုက်ထားသောပြတင်းပေါက်ကိုဖြတ်၍အနည်းငယ်ဟနေသောကန့်လန့်ကာကြားမှအခန်းထဲတိုးဝင်နေသည်။
နံနက်၆နာရီသာရှိသေးသောကြောင့်စောင်ထဲကွေးပြီးဇိမ်ခံချင်သေးသော်လည်း
မနေ့ကBaekhyunနှင့်တိုင်ပင်ထားသောအစီအစဉ်အရ Chanyeolအိပ်ယာမှထလိုက်ရသည်။ရေသောက်ရန်အိပ်ယာနံဘေးရှိစားပွဲပုလေးပေါ်မှရေJarလေးကိုကြည့်လိုက်တော့ရေကတစ်စက်မှမရှိ...
ရုတ်တရက်သူ့မျက်လုံးတွေကစားပွဲပေါ်
ကChristmas cardသေးသေးလေးနှစ်ခုနဲ့အသည်းပုံချိုချဉ်လေးနှစ်လုံးထံရောက်သွားသည်။ကြည့်ရတာHyunneထားသွားတဲ့ပုံပင်...
မနေ့ကcorols sing ထွက်တုန်းကချိုချဉ်တွေအများကြီးရလာတဲ့Hyunneရှေ့မှာ"Santaဆီကချိုချဉ်လက်ဆောင်ရပါစေ"ဟုသူတမင်ဆုတောင်းပြခဲ့သည်လေဝက်ဝံရုပ်ပုံလေးနဲ့cardကိုဖွင့်ကြည့်လိုက်တော့
Merry Christmas
I love you uncle
ဆိုတဲ့ကလေးလက်ရေးနဲ့ဆုတောင်းစာလေးကြောင့်သူပြုံးရသည်။
ခရစ်စမတ်သစ်ပင်ပုံလေးနဲ့Cardမှာတော့
Merry Christmas
I love you my soul><ဟုရေးထားသည်လေ...
Baekhyunရဲ့ပုံစံလေးကိုမြင်ယောင်မိသောကြောင့်Chanyeol အသံထွက်ပြီးရယ်လိုက်သည်။
"Love you more my essential two"
ထို့နောက်စောင်ကိုသေချာပြန်ဖြန့်ပြီး
အိပ်ယာခင်းကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်သည်။ပြတင်းပေါက်ကန့်လန့်ကာကိုဆွဲဖွင့်လိုက်ပြီးအတင်းတိုးဝင်နေသောနေရောင်ခြည်ကိုအခန်းထဲအပြည့်အဝဝင်ခွင့်ပြုလိုက်သည်။
YOU ARE READING
UNEXPECTEDLY
Fanficအချစ်မြို့တော်ကြီးကပေးလိုက်တဲ့မမျှော်လင့်ထားတဲ့လက်ဆောင်လေးတစ်ခု~~~