Part11 ဝန်ခံမိခဲ့သောအရာတခု

652 60 2
                                    

Love with pain🍎.....

"မောင်တော်ကို....သိပ်ချစ်တာဘဲ"

နူးညံ့တဲ့လက်အစုံက သူ့ကို သိုင်းဖက်လာသည်.....
ပွေ့ဖက်လာတဲ့ လက်အစုံက အေးစက်လာသည်....သူ...စိတ်ထင်တာလဲ ဖြစ်မည်......

"တို့ပြောတာကို....ဂရုမစိုက်တာလား.....မောင်တော်"

နှုတ်ခမ်းစူကာ ဆောင့်အောင့်နေတဲ့ Mariaက ကောင်လေးလောက် သူ့စိတ်ကို မဆွဲဆောင်လှ ဟာ!!!!သူအရာရာကို နှိုင်းယှဉ်နေသည်ဘဲ.......

"မောင်တော် နေမကောင်းဖူးလား?မျက်နှာလဲ မကောင်းဖူး"

သူနဖူးဆီ စိုးရိမ်တကြီးလာစမ်းသော သွယ်ပျောင်းတဲ့လက်ကို အသာအယာဘဲဖယ်လက်တယ်.....သူမွန်းကြပ်လာတယ်....လောလောဆယ် သူမကို ခွန်းတုံ့ပြန်လိုခြင်း မရှိ......

"ကို....ပြန်တော့မယ်"

ကျောခိုင်းထွက်သွားတဲ့ ကျောပြင်ကို သူမရပ် ကြည့်နေသေးတယ်....

"မောင်တော်!!ပြောင်းလဲသွားတယ်"

သူမစကားကို မသိဟန်ဆောင်ကာဖြေးညင်းစွာ ထွက်သွားတဲ့ Jungkookက သူမနဲ့တဖြည်းဖြည်း ဝေးလာသလို......

သူမ ခုမှဘဲ တခုခုကို သတိရလာသည်.....

"မောင်တော်ရေ.....Alexis ရောက်နေတယ် နော် စကားပြောချင်တယ် တဲ့"

Alexis?? Shit.... သူနဲ့ အခုတွေ့လိုခြင်းမရှိ.....မြန်မြန်ရှောင်ထွက်သွားမှ.....အေးမည်......

Jk အခုတလော အရင်ကထက် သူမအပေါ်အေးစက်နေတယ် သူမ သတိထားမိပါတယ် သူ့ပုံစံက သံပတ်ပေးထားတဲ့ အရုပ်တခုလို....သူမ သဘောမကျပါ သူမလိုချင်တာ Jkရဲ့သူမအပေါ် ခံစားမှုအစစ်အမှန်တေ.....

"ဟို...ကောင်လေး....ကြောင့်လေလား"

Mariaမျက်နှာတွင်အေးစက်ခြင်းတို့ကြီးစိုးလာသည်.....

တငြိမ့်ငြိမ့်နဲ့ မောင်းလာတဲ့ ရထားလုံးက တနေရာရောက်တော့ရပ် တန့်သွားသည်....

"မင်းသားလေး....နေပါအုံး....သခင်လေးJkက ဆက်မောင်းဖို့ပြောထားပါတယ်"

"အံမာ....မင်းကများ...ငါ့ကို...တားရဲသေးလား....ဖယ်စမ်း...."

ဟူး....စိတ်ပျက်လက်တာ..နောက်ဆုံးတော့လဲ...ကျက်သရေတုံးကောင်...ကို...တွေ့ရတော့မာပါလား....

Love With Pain(LWP)Where stories live. Discover now