Part17 PAIN

412 36 3
                                    

မာရီယာ သည်သူ့ရှေ့တွင် ချစ်ကြင်နာနေတဲ့ ချစ်သူနှစ်ဦးအားမြင်လျှင် တွေးမိတာ က သူမရဲ့ ဂုဏ်သိက္ခာ အကုန်လုံး တစက်မှမရှိတော့ဟုထင်သည်~သူမလိုချောမောလှပပြီး~စည်းစိမ် အာဏာ ပြည့်စုံတဲ့ မိန်းခလေး မျိုးကို စွန့်ပယ်ခဲ့ပြီး တိုင်းပြည်တပြည်လုံးတွင် အနိမ့်ဆုံးလူတန်းစားဖြစ်သော လူသားယောကျာ်း လက်ကို တယုတယ ဆုပ်ကိုင်ထား ခြင်းသည် သူမနှလုံးသားအား သံချောင်းတချောင်းကိုထိုးသွင်းနာကျင်သလိုမျိုး ခံပြင်းစေသည်~

ချစ်သူသက်တမ်းတလျှောက် Jk သည် သူမအား ခံစားချက်ကင်းမဲ့တဲ့အကြည့်များနဲ့ ကြည့်ခဲ့သည်~ထိုကောင်လေးရှေ့တွင်မူ ချစ်ကြင်နာတဲ့ မျက်လုံးအစုံဖြင့် ကြည်ကြည်နူးနူး ကြည့်သည်~

သူမသည်မောင်တော်ရဲ့ မိဘနှစ်ပါးဆုံးပါး၍ အထီးကျန် နေလို့ဟု တွေးမိသမျှ ယခုတော့ Jk သည်သူမကိုကျေးဇူးကြောင့်သာ ချစ်သူအဖြစ်လက်ခံခဲ့တာ သေချာသိရှိခဲ့ပြီ~

Jk သည် TH အားသွားဖို့အချိန်သင့်ပြီဟု ပြောရန်ဟန်ပြင်လက်စဉ် ကောင်လေးရဲ့မျက်နှာသည် ဖြူဆုတ်ကာ အလွန်ထိတ်လန့်နေဟန်ပေါ်သည်~

TH ထိတ်လန့်တကြား ကြည့်သောရှေ့တူရှုအား အကဲခတ်လိုက်ရာ နန်းတွင်းစစ်သည်တစုသည် သူတို့်နဲ့ မလှမ်းမကမ်း တွင် တပ်ချထားသည်~

များမကြာမီတွင် ဘုရင်မသည် ရထားလုံးမှ ငြင်သာစွာဆင်းလာပြီး သူတို့ဆီကို ဆင်မယဉ်သာ ခြေလှမ်းများဖြင့် ဖြေးညင်းစွာ လျှောက်လာသည်~

သူ တုန်ယင်နေသော ကောင်လေးလက်အား ဆုပ်ကိုင်ပြီး မကြောက်ရန်သဘောနဲ့ ခေါင်းရမ်းပြသည်~ကျွန်တော်လဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နားလည်တယ် မကြောက်ဖူး ဆိုတဲ့သဘောနဲ့ ခေါင်းညိတ်လိုက်သည်~Jk နားမာကျနော်ရှိနေတာဘဲလေ ဘုရင်မမကလို့ ဘယ်အဖျက်စွမ်းအားဘဲလာလာ ကျနော် Jkနဲ့အတူရင်ဆိုင်ဖို့အသင့်ပါ~

TH ရဲ့ ချောမောပြီး တခြားသူထက် ပြေပြစ်အချိုးအစားကျနလှသော အဆင်းအားမြင်တွေ့သူတို့သည် မချီးကျူးးဘဲမနေနိုင်ကြ~တီးတိုးစကားများ ဘုရင်မ ကြားသော် ဇာပုဝါအောက်မှ မနာလိုစိတ်ကြောင့် တချက် မဲ့ပြုံးပြုံးလိုက်သည်~

Love With Pain(LWP)Where stories live. Discover now