Part 18 Take my hand

386 28 0
                                    

အကျဉ်းထောင် ထဲရောက်နေပီးသံတိုင်ရှေ့ရဲ့ မလှမ်းမကမ်း တွင် ဘုရင်မရဲ့ သွေးမရှိတဲ့မျက်နှာက စက်စုပ်စွာ ရှိနေတယ်

"အချစ်သူရဲကောင်းသိပ်လုပ်ချင်တယ်ပေါ့ မင်းလောက်ချစ်တတ်တဲ့သူ မရှိတော့ဖူးပေါ့"

"ဘုရင်မ လုပ်ကြံမပြောဖူးဆို ကျနော်လဲ အာ့လိုလုပ်စရာမလိုဖူးလေ"

"မင်းက ငါမှားသယ်လို့စွပ်စွဲချင်သယ်ပေါ့ တခြားကမ္ဘာကရောက်လာပီး မင်းကို Jk တမ်းတမ်းစွဲအောင် လုပ်တာကော သံသယဝင်စရာမကောင်းဖူးလား"

သူ လက်နှစ်ဖက်လုံးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် ဘုရင်မအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်

ဘုရင်မသံတိုင်နားတိုးကပ်လာပီး

"မင်းကငါ့ကိုပြန်ခံကြည့်ရဲတယ်ပေါ့ စိတ်ဝင်စားစရာဘဲ"

စကားလဲဆုံးကော သူ့ရင်ဘတ်ကို ဓားနဲ့ထိုးသလို အသဲခိုက်မတတ်နာကျင်လာပီး ပါးစပ်ထဲကသွေးတွေ ဗွမ်းခနဲအန်ထွက်သည်

"ခင်..ခင်ဗျား ယုတ်မာလိုက်တာ"

"ငါက မင်းကိုသတ်ချင်ရင်အလွယ်လေးဘဲ မင်းနဲ့အပေးအယူလုပ်ဖို့ မင်းအသက်ရှင်နေတာ"

ဟက် ခင်ဗျားပြောထားပေါ့ မင်းသာ ငါ့ကိုသတ်လိုက်ရင် ကိုကိုလုပ်လို့ မနက်အိပ်ရာထရင် မျက်နှာသစ်ဖို့ခေါင်းရှိပါ့မလား

"သေမင်းတောမာ ရေတွင်းပျက်ရှိတယ် အာ့ရေတွင်းပျက်ထဲဆင်းလိုက်ရင် မင်းနေတဲ့နေရာပြန်ရောက်သွားမယ်"

"ဘုရင်မက ကျနော့်ကို ရေတွင်းထဲ သတ်သေခိုင်းမလို့လား"

ဘုရင်မအလွန်ဒေါသထွက်လာဟန်နဲ့

"အကျဉ်းသားက ဆင်ခြေပေးခွင့်ရှိလို့လား မင်းကြိုးစင်တင်တာခံမလား မင်းနေရာအေးဆေးပြန်မလား"

သွေးစတွေပေကျံနေတာ လက်နဲ့ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်ပြီး

"ပျော်ပျော်ကြီးသာကြိုးစင်တက်လိုက်မယ် ကျနော်ဘာဘဲရွေးရွေး သေမယ့်လမ်းဘဲလေ"

"ကောင်းပြီ မင်းရွေးလက်တဲ့ တရားရုံးကမင်းကိုသေဒဏ်ချတာ ပျော်ပျော်ကြီး မျှော်လိုက်ပေါ့"

Love With Pain(LWP)Nơi câu chuyện tồn tại. Hãy khám phá bây giờ