Part 24🚨🚨

735 27 10
                                    

Zawgyi

အရိုးတွေကွဲအက်သွားလားထင်ရတဲ့ထိ ကိုက်ခဲနာကျင်နေလို့ညည်းတွားရင်း တညလုံးအိပ်မရဖြစ်ခဲ့သည်...အောက်ထပ်က ဦးလေးကိုမျက်မှန်းကျိုးနေတဲ့အမတ်တစုရဲ့ ဦးလေးကိုဆဲရေးမြည်တွန်နေသံတွေ ကြားရတာရိုးနေပီ

သူ့အဖေကဦးဆောင်ပြီး ဦးလေးကိုလုပ်ကြံမဲ့အစီအစဉ်ကိုသေချာတိုင်ပင်ရေးဆွဲကြတော့ သေချာနားစွင့်လိုက်သည်...

အဖေကဦးလေးကို သူ့ထက်ရာထူးအာဏာမြင့်သွား၍မနာလိုစိတ်နဲ့မုန်းတီးသည်...နန်းတွင်းစစ်ဆေးသည့် အရည်အချင်းစစ်ပွဲများတွင် Jungkookကို မ​တော်တဆ ရှုံးသွားခဲ့ရင် သူ့ကို လုံးဝမညှာဘဲ သေလုအောင်ရိုက်နှိက်သည်..Jungkookကြောင့်ဘဲ အဖေကမျက်နှာသာမပေးတဲ့ပြင် လူရှေ့သူ့ရှေ့တွင်လဲ ဘာမှသုံးစားမရတဲ့အရူးလို့ နှိမ့်ချဆဲဆိုသည်...အရှက်အကြောက်ကြီးတဲ့အရွယ်မို့ မျက်ရည်တွေဝဲတက်လာတဲ့ထိ အသဲနာလွန်းသည်....သူအရမ်းချစ်ခင်ရတဲ့ချစ်သူကိုလဲ ဖြားယောင်းပီးသူ့ဘက်ပါအောင်သိမ်းသွင်းသည်..အချိန်မှီပြောခဲ့လျှင်တားဆီးနိုင်ကောင်းနိုင်ခဲ့မည်...နှစ်ရှည်လများသိုမှီးထားတဲ့နာကျည်းမုန်းတီးမှုတွေက..ရေငုံနှုတ်ပိတ်စေခဲ့သည်..Jungkookဘဝတခုလုံးပျက်စီးစုတ်ပြတ်သွားတာမျက်စိနှစ်လုံးနဲ့ မြင်ချင်လို့ဘဲ...

သူတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးစွာရီမောသံတွေက သူ့အဖို့တစ္ဆေခြောက်တဲ့အလားအိမ်မက်ကနိုးလာစေသည်..မာရီယာက ကနွဲ့ကလျနဲ့ Jungkook ရဲ့ပခုံးပေါ်ခေါင်းလေးမှီလိုက်သည်..ကျလုဆဲဆဲမျက်ရည်ကို ထိန်းထားရင်း ချာခနဲလှည့်ထွက်ခဲ့သည်...မာရီယာဘေးနားမာ မင်းတွယ်ကပ်နေတာမမြင်ချင်ဖူး...မင်းသေပေးရမယ်!!!!

မင်းကြီးသောက်မဲ့သွေးခွက်တွင် သက်တော်ရှည်အမတ်က အဆိပ်ခတ်တိုက်၍ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဂျီယွန်ဖီးလစ်နဲ့သူ့သား Jeon Jungkookကို သေဒဏ်ချမှတ်လိုက်ကြောင်း

အကျိုးအကြောင်းဆီလျော်ပီးမင်းကြီးမရိပ်မိအောင် ပိပိရိရိလုပ်ကြံနိုင်သည်..ဖီးလစ်ပေါ်နှောင်ဖွဲ့နေတဲ့ မင်းကြီးရဲ့သံယောဇဉ်ကြိုးကို တိခနဲ ဖြတ်တောက်နိုင်သည်...မင်းကြီးကိုလုပ်ကြံချင်လို့တမင်တကာဖြားယောင်းသွေးဆောင်တာလို့သတင်းတွေ ထွက်လာသည်..

Love With Pain(LWP)Opowieści tętniące życiem. Odkryj je teraz