Part3 Run away

1.1K 77 7
                                    

ရေဆာဆာနဲ့ညသန်း​ခေါင်​ကြီးသူနိးလာသည်​....သို့​သော်​အခန်းတံခါးကပွင့်​​နေတာ​ကြောင့်​​ရေဆာတာ​တောင်​​ပျောက်​သွားသည်

သူဝမ်းသာအားရအခန်းထဲကထွက်​လိုက်​သည်​...ရှည်လျားလှတဲ့ ကြောင်လိမ်လှေကားက ဆင်းရင်း အောက်ထပ်ရောက်လာသည် အောက်ထပ်မာအရမ်းမှောင်နေတာကြောင့် မနဲ စမ်းတဝါးဝါး နဲ့လျှောက်နေရသည်...

ထွက်​​ပေါက်​?ထွက်​​ပေါက်​...ဘယ်​မှာလဲ????​မှောင်​​မှောင်​မဲမဲနဲ့မို့အသည်းအသန်​ရှာ​နေ​သော်​လဲလူက​ချွေးဒီးဒီးကျကာကြာ​တော့မူးလာသည်

AHH!!!သူခလုတ်​တိုက်​ပြီး​ချော်​လဲသွားသည်​...သူမနဲအားယူရင်းထလိုက်​​တော့ကြီးမားတဲ့တံခါးကြီးရဲ့​ရှေ့ဆီ​ရောက်​​နေသည်​...တံခါးကိုဖွင့်​ကြည့်​​တော့​သော့ခတ်​မထား...သူ​ပျော်​သွားကာ

ကျွီ..ဟီ..ဟီ...တံခါးကအဆမတန်​ကြီး​တော့မနဲဖွင့်​ရသည်

လ​ရောင်​အကူအညီဖြင့်​ရဲတိုက်​ကြီး၏ပန်းခြံထဲကနှင်းဆီပန်းခင်းဆီ​ရောက်​​နေမှန်းသတိပြုမိသည်

...နှင်းဆီနီနီတေက လရောင်အောက်မာ လှပစွာ ဖူးပွင့်နေတာကြောင့် အငမ်းမရ လှမ်းကိုင်လက်သည်

အ!!!!!!နှင်းဆီပန်းကဆူး​တေကိုသတိမထားမိတာ​ကြောင့်​သူလက်​​ပေါက်​သွားသည်

နာလိုက်​တာ!!!!လက်​ကိုခါယမ်းကာညည်းညူစွာဆိုမိသည်
သူ့လက်​က​သွေး​တေကနှင်းဆီပွင့်​ဆီ...

တစက်​...

နှစ်​စက်​...

ဟာ😨နှင်းဆီပွင့်​ဖတ်​​ပေါ်ကျလာသည့်​​သွေး​တေချက်​ချင်း​ခြောက်​​သွေ့ကာနှင်းဆီပွင့်​နဲ့​ရော​နှောသွားသည်

သူ့​ရှေ့မာဘဲတဖြည်းဖြည်းကြီးလာကာမျက်​စိတမှိတ်​အတွင်းမှာဘဲသူ့အရပ်​ထက်​မြင့်​သည်​ထိကြီးမားလှသည်

ကြောက်လွန်းလို့လူကအာ​စေးထည့်​ထားသလို​အော်​လို့လဲမရထွက်​​ပြေးဖို့ကလဲတလှမ်းမှမ​ရွေ့ ကြီးမားလှတဲ့ပါးစပ်​ကြီးနဲ့လှမ်းအငုံ
ငါမင်း​နောက်​လိုက်​ခဲ့မယ်​****!!!သူတီးတိုး​ရေရွတ်​ရင်းစိတ်​ကိုဒုံးဒုံးချလာသည်

Love With Pain(LWP)Tempat cerita menjadi hidup. Temukan sekarang