Part 20 Never lose you

342 25 4
                                    

အလောတကြီးပြေးလာတဲ့ခြေသံတွေသူတို့ဆီနီးကပ်လာတာနဲ့ ဂျောင်ဂုကိုယ်လုံးကိုတင်းကျပ်စွာဖက်ထားလိုက်သည်....လာဖမ်းတဲ့သူတွေလက်ထဲ မင်းကို လုံးလုံးမထည့်ပေးနိုင်ဖူး...ကျနော့်ဆီက ဂျောင်ဂုကိုအဝေးကိုဆွဲခေါ်သွားဖို့လုံးဝ ခွင့်မပြုနိုင်ဖူး...

"ဟင်..ကိုကို..ဘာလို့မေ့လဲနေတာလဲ!!!!!

မင်းသားဖစ်ပုံရတဲ့လူက အလွန်ဒေါသထွက်သွားဟန်နဲ့..

"မင်းနားကန်းနေလား..ငါမေးနေသယ်လေ...ဂျောင်ဂု ဘာဖစ်သွားတာလဲ လို့"

"မသိဖူး..ဒါမဲ့ ကျနော့်ဆီက ဂျောင်ဂုကိုဆွဲယူဖို့မပေးနိုင်ဖူး..."

မျက်ရည်တွေကြားထဲမှ လူသား ကခေါင်းတရမ်း,ရမ်းနဲ့ အံတင်းတင်းကျိတ်ကာ ဆုံးဖြတ်ချအခိုင်မာချထားပုံ...

"မင်းတို့ကိုကူညီဖို့လာတာပါ...ဖမ်းဖို့ခေါ်တာမဟုဖူး"

"အာ့ကောင်ကိုရှင်းပြမနေနဲ့...ကြာသယ်ကွာ..ဂျောင်ဂုကို ငါတို့ဆီပေးလိုက်"

"ရွှမ်း..."

"O_O"

အတင်းလုယူဖို့လှမ်းရုံဖဲရှိသေး..ပြောင်လက်နေတဲ့ဓားသွားနဲ့သူ့ကိုချိန်ရွယ်ထားပီးသား...သူ့နောက်ကရှိုင်းလဲ လှုပ်လှုပ်ရှားရှားဖစ်သွားကာ အသင့်အနေထားဖစ်သွားသယ်...

"ရှေ့ဆက်မတိုးလာနဲ့..ငါမင်းကိုသတ်ပစ်မယ်"

မျက်စိစုံမှိတ်ကာ အသားကုန်အော်ဟစ်နေပေမဲ့ ဓားသွားကိုကိုင်ထားတဲ့ လက်ကတော့ တဆတ်ဆတ်တုန်ယင်နေတယ်...သူလဲနောက်ကိုခြေလှမ်းတွေပြန်ဆုတ်လိုက်တယ်...

"အယ်...မင်းလိုနုံချာတဲ့လူသားက ငါ့လိုဗင်ဗိုင်းယားကိုသတ်နိုင်ပါ့မလားဟင်..သိချင်လိုက်တာ"

"ကျနော့်ဆီက ဂျောင်ဂုကိုခေါ်သွားတာနဲ့..သတ်..သတ်ပစ်မာ"

စွာကျယ်လွန်းတဲ့လူသားကိုစိတ်မရှည်နိုင်တော့လို့ နှုတ်ပိတ်ပစ်ဖို့တွေးလိုက်သယ်...

မြန်လက်တာ..ကျနော် ဓားနဲ့ချိန်ရွယ်ထားပေမဲ့ ဖြတ်ခနဲကျနော့်နောက်ကိုရောက်လာတယ်...ကျနော့်လည်ပင်းနား စူးစူးဝါးဝါးထိုး​အောင့် သွားပီး မိုက်ခနဲ လဲကျသွားသည်....






Love With Pain(LWP)Where stories live. Discover now