၁၀

1.2K 52 0
                                    

'ခွေးကောင် ညီခေတ်လင်း´
ခေါ်သံတစ်ခုကြောင့်မျက်လုံးဖွင့်ကြည့်လိုက်သည်။
'ဟင် ဖေဖေ.......´
အခြေအနေများက ရက်ရက်စက်စက်ပင် ရှုပ်ထွေးသွားသည်။
'အေး ဟုတ်တယ်။ လာစမ်း။ ခွေးသူတောင်းစားကောင်။ မိဘမျက်နှာကို အိုးမဲသုတ်တဲ့ ခွေး။ ခွေးထက်တောင် အောက်တမ်းကျတဲ့...´
ဖေဖေက ရင်ဘတ်မှ ဆွဲကိုင်လိုက်ပြီး မျက်နှာကို ဒေါသတကြီးဆွဲထိုးပစ်လိုက်သည်။
'ခွပ်´
'မောင်.. မောင်...´
ကြမ်းပြင်ပေါ်လဲကျသွားပြီး မျက်လုံးများပြာဝေသွားသည်။ နာကျင်ပူလောင်သော နှုတ်ခမ်းထောင့် သွေးစွန်းသွားမှန်း သူသိလိုက်သည်။ ချစ်သူလေး၏ ခေါ်သံကို ထူအူစွာကြား နေရသည်။ စိုးရိမ်ပူပန်လွန်းနေသော ချစ်သူလေးကို မချိတင်ကဲပြုံးပြလိုက်ပြီး ပြန်ထိုင်လိုက် သည်။
'လုပ်ပါ ဖေဖေ။ ဖေဖေကျေနပ်တဲ့အထိလုပ်ပါ။ ဒါပေမယ့်သားတို့နှစ်ယောက်ကို မခွဲလိုက်ပါနဲ့။ မခွဲချင်ပါနဲ့ဖေဖေ။´
'စောက်ခြောက်တွေ။ ဟေ့ကောင် ဒီမှာညီခေတ်လင်း ငါမင်းကိုမွေးထားတဲ့မင်းအဖေ ဆိုတာလဲ မှတ်ထားပါဦး။ မင်းဦးနှောက်တွေ ပျက်ကုန်ပြီလား။ ခွေးသူတောင်းစား။ ခွေးအခြောက်ကောင်။ ဟေ့ကောင် မင်းရူးနေလားပြောစမ်း´
ဖေဖေ့လက်သီးများက မျက်နှာပြင်ပေါ်သို့ အဆက်မပြတ်ကျရောက်လာသည်။ နာကျင် အော်ဟစ်သံ၊ ကြေကွဲငိုရှိုက်သံများက တစ်ခြံလုံးကို ဖုံးအုပ်ထားသည်။ နာကျင်ခံစားမှုများကြား ချစ်သူလေးကို လှမ်းကြည့်လိုက်သည်။ ဖခင်၏ လက်ထဲတွင် ရုန်းကန်ရင် ငိုကြွေးနေသော ချစ်သူလေးကို မြင်လိုက်ချိန်တွင် ကုန်းရုန်းထလိုက်သည်။
အားလုံးမှာ ချွေးများ ရွှဲနစ်နေပြီ။ သူတို့နှစ်ယောက်မှာက သွေးသံရဲရဲနှင့် မျက်ရည်များ လဲစိုလောင်နေကာပါးပြင်များကရဲကျစ်နေပြီ။ ချစ်ရယ်ဒီလောက်ခက်ခဲမယ်တဲ့လား၊ ဒီလောက် နာကျင်ရမှာလား။ ဒုက္ခတွေအားလုံးကို ကိုယ်တစ်ယောက် တည်းခံယူပါရစေလားကွာ။
'ဦးရယ် ချစ်ကို မရိုက်ပါနဲ့တော့ ချစ်ကိုရိုက်မဲ့အစား ကျွန်တော့ကိုပဲ နှစ်ယောက်စလုံး ၀ိုင်းရိုက်ကြပါဗျာ။ ဖေဖေ သားကိုပဲရိုက်ပါဗျ။ ချစ်ကို မရိုက်ပါနဲ့တော့။´
သွေးအေးရက်စက်စွာ ပြုံးပြလိုက်သော သုတ ပါပါး၏ အပြုံးက ကျောထဲ စိမ့်ဝင်အေးစက်သွားသည်။
'ဘာတဲ့ ချစ် ဟုတ်လား။ ကျွန်တော့်ကိုပဲ ရိုက်ပါဟုတ်လား။ အေး မင်းကိုတော့ ငါမရိုက်ဘူး ဒါပေမယ့် ငါ့သားကို ချစ်လေးလို့မင်းခေါ်လိုက်ရင် ငါ့သားကို ငါ တစ်ချက်ရိုက် မယ်။ ဟောဒီလိုကို ရိုက်မှာ´
'ဖြန်း..´
'ချစ်..´
ရက်ရက်စက်စက်အရိုက်ခံနေရသော ချစ်သူကို ကြင်နာစွာလှမ်းခေါ်လိုက်သည်။
'ခေါ်တယ်ပေါ့။ ချစ်လို့ခေါ်တယ်ပေါ့...ခေါ်ဦးကွာ။ ကဲ´
'.......´
'ချစ်လေး........´
ချစ်သူ၏ ကိုယ်စား နာကျင်စွာအော်ဟစ်ငိုကြွေးနေမိသည်။
'ခေါ်သေးတယ်ဟ။ ခေါ်သံကြားနေတယ်ဟာ။ ကဲ ခေါ်ဦးလေ´
ခေါ်သံထွက်လာမှာကို စိုးရွံ့စွာ ဖြင့်တားစီးလိုက်သည်။ ပါးစပ်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ်အုပ်ထားရသည်။
'ခေါ်ဦးလေ။ ချစ်လေးလို့ ခေါ်ဦးလေ။´
'ဟေ့ကောင် မခေါ်ရဲတော့ဘူးလား။ ခေါ်စမ်းပါ´
'မောင်...မောင်..´
'မတနဲ့ မင်းလင်က မင်းကိုတောင် မခေါ်ရဲတော့ဘူး။ တမနေနဲ့ ခွေးသူတောင်းစား´
မောလှိုက်နာကျင်သံသဲ့သဲ့လေးနှင့် ခေါ်နေသော ချစ်၏ ခေါ်သံကို မထူးရဲအောင်ပင် ကြောက်ရွံ့နေသည်။
'မောင်တဲ့လား... ငါလဲ မင်းအဖေလိုပဲ ကလေးရယ်။ မင်း ငါ့သားကို မောင်လို့တစ် ခွန်းခေါ်တိုင်း ငါ့သားတစ်ချက်နာမယ်သာမှတ်။´
အားလျှော့တုန်ရီစွာ ဆန့်ထုတ်လိုက်သော ချစ်သူ၏ လက်ကလေးကို လှမ်းဆုတ်ရန်ကြိုးစားလိုက်သည်။
'ဟောဒီလက်က။ ဘာလုပ်တာလဲ။ ဟောဒီလိုရိုက်ဖို့လား။´
'မောင်.......´
'ခေါ်ပြန်ပြီလား။ ဒီမောင်။ ခေါ်လေ မောင်လို့ခေါ်လေ။´
'.......´
အသားများလဲ နာကျင်လှပြီ။ ရင်ထဲကလဲ နာကျင်လှပြီ။ တစ်ယောက်နှင့်တစ်ယောက် မခေါ်မိအောင် ကြိုးစားနေရသော ဘ၀ကလည်း နာကျင်လှသည်။
'လာ သုတခ ပြန်မယ်။ အထုတ်တွေဘာတွေလုပ်မနေနဲ့။ လာ လိုက်ခဲ့။´
'ဟင့်အင်းမလိုက်ဘူး။ မောင်..... မောင်...........´
အာခေါ်ခြစ်အောင် အော်နေရင်း ဖခင်ဆွဲရာကို ဒရွတ်တိုက်ပါသွားသော ချစ်သူလေး၏ လက်ကို ဆွဲယူရန်ကြိုးစာလိုက်သည်။
'ချစ်......... သုတ........... ချစ်လေး...............´
တစ်ဘုန်းဘုန်း တစ်အုန်းအုန်းထုနေသော ဖခင်၏ လက်ချက်များက လဲ နာကျင် ရက်စက်လှသည်။ အင်အားများ ကုန်ခမ်းချင်လာပြီ။ ပင်းပန်းမောလျှလာသည်။ သို့သော် အားတင်းဆဲ။
'မောင်.............. မလိုက်ဘူး။ ပါပါးသားတို့ကိုမခွဲပါနဲ့ဗျ။ သားမလိုက်ဘူး။ သားမောင်နဲ့နေခဲ့မယ်။´
'ဟေ့ကောင်သွားစမ်း။ မင်းအဖေနဲ့လိုက်သွားစမ်းပါ။ မင်းမျက်ခွက်ကို မြင်ရင် ငါ့သားကို ငါသတ်မိလိမ့်မယ်။ သွားစမ်း။ ခင်ဗျား လဲ ခင်ဗျားသားကိုခေါ်သွားစမ်းပါဗျ။ မြန်မြန်ခေါ်သွားစမ်းပါ´
'မောင်......... မောင်...............´
'ချစ်.................... အချစ်.............´
'အေး မောင်လို့အားရပါးရခေါ်နေ။ မင်းက မောင်လို့တစ်ခွန်းခေါ်တိုင်း ဟိုက နှစ်ချက် အထုခံနေရတာ ကျိုးတော့ပဲ့တော့မယ်။ လိုက်ခဲ့ ဘာတစ်ခွန်းမှပြောစရာမလိုဘူး။လာစမ်းပါ´
ပါပါး၏ စကားအဆုံးတွင် သုတခ၏ ရုန်းထွက်မှုများက ရပ်တန့်သွားသည်။ ဖူးယောင် ညိုမဲနေသော မျက်နှာက ချွေးများ၊ မျက်ရည်များနှင့် စုတ်ပြတ်နေသည်။ အရာရာက တစ်ဒင်္ဂ စာလေး ရပ်တန့်တိတ်ဆိတ်သွားသည်။
'ကောင်းပြီလေ။ ကျွန်တော်လိုက်ခဲ့မယ်။´
အရာအားလုံးပြေလျှော့လွင့်မျောသွားသလိုခံစားလိုက်ရသည်။ အသည်းနှလုံးကို ပြုတ်တူနှင့်ညှပ်ထားသလိုပင် နာကျင်နေသည်။ ရိုက်နှပ်နှိပ်စက်သော ဒဏ်များအားလုံးထက် ထိုစကားလုံးတစ်ခွန်းက သေစေနိုင်လောက်အောင်နာကျင်သည်။
'ချစ်....´
'သားလိုက်ခဲ့မယ်။ ဒါပေမယ့် သားတို့ကို အချိန်နည်းနည်းလေးပေးပါဗျာ။ ငါးမိနစ်ဖြစ်ဖြစ်။ ဆယ်မိနစ်ဖြစ်ဖြစ်။´
'မင်းတကယ်လိုက်သွားဖို့သေချာလား။´
'ဟုတ်ကဲ့ ဦးလေး။ ဒါပေမယ့် မောင်နဲ့စကားနည်းနည်းပြောပါရစေ။´
'အေး ငါတို့ရှေ့မှာပြော။ ဒါပေမယ့် ဆယ်မိနစ်ပဲနော်။´
ဖေဖေ့စကားမဆုံးခင် သုတခကပြေးပြီးလာဖက်လိုက်သည်။
'မောင်...မောင် သိပ်နာသွားလားဟင်။ ဘယ်နားနာလဲ။´
ပူပင်စွာမေးနေသော ချစ်သူလေး၏ မျက်ရည်များကို ညင်သာစွာသုတ်ပေးလိုက်သည်။
'မခွဲကြေးဆို၊ဘယ်လိုနည်းနည်းခွဲခွဲမကွဲဘူးဆို။လုံးဝထားမသွားဘူးဆို။ဒါတွေ မင်းပြော ခဲ့တာလေ။ ခုက ဘာလို့လွယ်လွယ်လေးနဲ့ လက်လျော့လိုက်ရတာလဲ။ မင်းဘာလို့ပျော့ညံ့ရတာလဲ။´
'အဲဒါက......အဲဒါကလေ.......´
'တော်တော့။ ငါ့မှာတော့ဖြင့် တစ်ဘ၀လုံးအတွက်ပါဆိုပြီး ကြိုးစားလိုက်ရတာ။ ရုန်းကန်လိုက်ရတာ။ ခုတော့မင်းက အေးအေးဆေးဆေးထားသွားနိုင်လိုက်တာကွာ။ သုတခ..မင်းကွာ။ မချစ်ခဲ့တာလဲမဟုတ်ပဲနဲ့။ မင်း ကိုယ့်ကို စွန့်လွှတ်နိုင်လို့လား။ ထားသွားနိုင်လို့လား။ ကိုယ်မရှိပဲ မင်းနေနိုင်လို့လား။´
'မောင်ရယ်.... မောင့်ကို ဒီလိုနှိပ်စက်နေကြတာ ချစ်ဘယ်လိုခံစားရမှာလဲ။ ချစ်ကို ရိုက်တဲ့ ဒဏ်တွေထက် မောင့်ကို တစ်ချက်ရိုက်လိုက်တဲ့ ဒဏ်က ရင်ထဲပိုနာတယ် မောင်ရယ်။ ကျေးဇူးပြုပြီးတော့ စကားနာမထိုးပါနဲ့။ ချစ်တို့နှစ်ယောက်ရဲ့ အချစ်ကို ချစ်တို့ နှစ်ယောက်စလုံး သိနေကြတာပဲဟာ။ မောင်တစ်ခုခုဖြစ်သွားရင် ချစ် ရင်ကျိုးမှာ။ ဘာမှမပူနဲ့သိလား။ ချစ်ပြန်လာ ခဲ့မယ်။ စောင့်နေမယ်မဟုတ်လား။ ဟင် ပြောပါဦးမောင်ရဲ့။ ချစ်ပြန်လာမယ့်ရက်ကို မောင် စောင့်နေမယ်မဟုတ်လား။´
'ချစ်............ ချစ်ရယ်.................´
နှစ်ဦးသားတင်းတင်းကျပ်ကျပ်ဖက်ထားရင် ငိုကြွေးနေမိသည်။
'ချစ်ပြောတာဟုတ်ပါတယ်။ ချစ်ကို ချစ်ရဲ့ပါပါး ရိုက်လိုက်တိုင်းရိုက်လိုက်တိုင်း မောင့်ရင်ထဲထိ နာကျင်ရပါတယ်။ ကြည့်စမ်း မျက်နှာတွေလဲယောင်ကိုင်းနေတာပဲ။ အရမ်းနာလားဟင်။´
'ရပါတယ်မောင်ရယ်။ ချစ်ခံနိုင်ပါတယ်။ မောင်လဲ နာနေမှာပေါ့။ မောင်.....ချစ်တို့ တစ်နေ့ ပြန်တွေ့မယ်နော်။´
'အင်းပါ။ မောင်စောင့်နေမယ်နော်။ မောင်တို့ဒီခြံလေးထဲမှာပဲ တစ်သက်လုံးနေသွား မယ်နော်။ ချစ်အပြန်ဆုံးပြန်လာနော်။´
ချစ်သူ၏ နှုတ်ခမ်းလေးကို ယုယစွာ နမ်းစုပ်ပစ်ချင်တယ်။ နောက်ဆုံးအကြိမ်ဖြစ်ဖြစ် ပေါ့။ ဟင့်အင်း နောက်ဆုံးအကြိမ်မဟုတ်ဘူး။ တစ်နေ့နေ့ပြန်ဆုံကြမှာပဲ။ စောင့်နေမယ် ချစ်သူရယ်။ အမြန်ဆုံးပြန်လာပေးပါ။
'ကဲကဲ...တော်တော့် သွားတော့မယ်။ သုတ လာတော့။´
'ဟင့်အင်း မလိုက်ဘူး။ မောင် နဲ့မခွဲနိုင်ဘူး။ ဟင့်အင်းမလိုက်ဘူး။ မောင်ဖက်ထားပါ။ ချစ်ကိုဖက်ထားပါ။´
'ချစ်ရယ် မသွားလိုက်ပါနဲ့။ မင်းထွက်မသွားပါနဲ့။ မောင်ခွင့်မပြုဘူး။ မောင့်ကိုတစ် ယောက်တည်းထားမသွားနဲ့နဲ့။´
အတင်းခွဲခွာသော အင်အားကြီးလက်များကြောင့် ဖက်ထားသော လက်များ ကွာဟသွားသည်။ထို့နောက်ရင်ဘတ်နှစ်ခု။ ထို့နောက် တွဲဆုတ်ထားလက်နှစ်ခု.....။ လက်ချောင်းလေးများ.................။ နောက်ဆုံးတော့ အရာအားလုံး တ....ဖြည်း...ဖြည်း.... ကွာ...........ဝေး...........ပျောက်........ကွယ်.............။

မျက်​ရည်​ကင်းမဲ့ဇုန်​Hikayelerin yaşadığı yer. Şimdi keşfedin