Part~9💔(Z+U)

2.4K 232 14
                                    

💔 နှလုံးသား ကစားပွဲ 💔 (Part~9)
°°°''°°°''°°°''°°°''°°°''°°°''

ဘေးနားက လွတ်နေသော နေရာလေးကို ကြည့်ကာ ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်မသိသော သက်ပြင်းကို Jun Myeon ချမိပြန်သည်

Xing ကျောင်းမလာတာ နှစ်ရက်ရှိနေပြီ

အနားကိုလည်းခေါ်မထားရဲသလို မတွေ့ရတော့လည်း လွမ်းနေပြန်တယ်

Xing ရယ် လောကကြီးရဲ့ ပညတ်ချက်တွေကို ကိုယ်တွေ့ခံစားဖူးတဲ့ ငါက မင်းရင်ခွင်ကိုခိုလှုံချင်ပေမဲ့ မင်းအသိုင်းအဝိုင်းကို ကြောက်ရွံ့နေတယ်

ငါ ဘာလုပ်မလဲ Xing

Jun:" BaekHyun ya ChanYeol တို့အုပ်စု ဘာလို့ကျောင်းမလာတာလဲ "

နောက်ခုံဆီမှ BaekHyun ဆီသို့ သိချင်နေသော အကြောင်းအရာတစ်ခုကို တစ်စွန်းတစ်စ သိ၍သိငြား မေးကြည့်မိသည်

Baek:" YiXing ဆေးရုံတင်ထားရလို့လေ သူတို့က ငယ်ငယ်ကတည်းက ညီအစ်ကိုလိုပေါင်းတာဆိုတော့ တစ်ယောက်တစ်ခုခုဖြစ်ရင်ကျန်တဲ့သူတွေကလည်း စိတ်ပူပြီးအနားကမခွာတော့ဘူး "

Jun:" Xing ဆေးရုံတင်ထားရတယ် ဘာလို့လဲ ဘာဖြစ်လို့လဲ BaekHyun ya စိုးရိမ်ရလား ဘယ်ဆေးရုံမှာတဲ့လဲ "

Baek:'' ဖြေးဖြေးမေးပါ JunMyeon ရယ် ငါဘယ်မေးခွန်းကို အရင်ဖြေရမှာလဲ "

Jun:" အကုန်ဖြေ မြန်မြန်ပြောစမ်းပါ BaekHyun ရယ် ငါစိတ်တွေပူလို့ "

Baek:" ya Kim Jun Myeon မဟုတ်မှလွဲရော မင်း YiXing ကို သဘောကျနေတာလား အဲ့လောက်ရုပ်ပျက်နေတာ "

Jun:'' ဟုတ်တယ်ကွာ ဟုတ်တယ် အဲ့ဒါကြောင့်လျှာမရှည်ပဲမြန်မြန်ပြောစမ်းပါ "

Baek:" Borr တကယ်ကြီးလား ငါက မင်းနဲ့ Kris ထင်နေတာ ခု မင်းက Xing ကိုသဘောကျတာတဲ့လား "

Jun:" ကျွတ်စ်..နေတော့ ငါ့ဟာငါ Kris ဆီပဲ ph ဆက်လိုက်တော့မယ် လူပုသလောက် လျှာကိုရှည်တယ် Byun ငပု ''

Baek:" Borrya ya Kim Jun Myeon!!!"

Baek အော်သံကို လစ်လျူရှုကာ အခန်းပြင်သို့ထွက်လာရင်း Kris ဆီ Ph ခေါ်နေခဲ့သည်

°°°°°''''°°°°°''''°°°°°''''°°°°°''''°

Tao:" ခုတလော Xingလေးမှာ စိတ်ဖိစီးစရာတွေရှိနေလို့လား ''

🌸 နှလုံးသား ကစားပွဲ 🌸 Where stories live. Discover now