Part~11💔(Z+U)

2.6K 252 21
                                    

💔 နှလုံးသား ကစားပွဲ 💔 (Part~11)
°°°''°°°''°°°''°°°''°°°''°°°''°°

Lu:"မင်းနဲ့ တူတယ်နော်.."

Xing:" အင်း...ငါ့သားပဲကိုး..''

Lu:" ဘယ်လိုရယ်....."

ဒီနေ့ Xingနဲ့ Lu တို့ ရှယ်ယာဝင်ထားတဲ့ မူလတန်းကျောင်း တစ်ခုမှာ ပန်းခြံအသစ်လေးထပ်ထည့်ပေးဖို့ အစည်းအဝေး ရှိတယ်

အစည်းအဝေးပြီးလို့ ပန်းခြံထပ်ချဲ့မဲ့ ကစားကွင်းနေရာလေးကို သွားကြည့်တော့

သစ်ပင်အောက်က ခုံတန်းလေးပေါ်မှာ ထမင်းဘူးလေးကိုင်ကာ ထိုင်နေတဲ့ ကလေးငယ်လေးတစ်ဦးကို တွေ့တော့ Xing အကြာကြီး ရပ်ကြည့်နေမိသည်

အဲ့ကလေးလေးက Kim Myeon Xing လို့ Jun နာမည်ပေးထားတဲ့ ကျွန်တော့်ရဲ့သားလေး Zhang Myeon Xing လေး

ခြေထောက်သေးသေးလေးတွေကို လွှဲလို့ မျက်နှာချင်းဆိုင်မှာဆော့နေတဲ့ ကလေးလေးတွေကို ငေးနေတဲ့ ကျွန်တော့်သားလေး...

Jun ကဘယ်လိုပဲငြင်းဆန်နေပါစေ ကျွန်တော်ကတော့ သားငယ်ကို ကျွန်တော့်သားဆိုတာ အတပ်သိသည်

Jun နဲ့တူတာဆိုလို့ မျက်ဝန်းတောက်တောက်လေးတွေမှ လွဲ၍ ကျန်တာအကုန် ကျွန်တော်နဲ့တူသော သားငယ်ကို အတန်ကြာငေးကြည့်နေမိတော့ LuHan လည်းသတိထားမိသွားပုံရသည်

Lu:" မင်းရဲ့ သား ဆိုတာ ဘာကိုပြောတာလဲ YiXing "

Xing:" ပြီးရင်ပြောပြမယ် လာ..."

သားငယ်ရှိရာသို့လျှောက်သွားတော့. LuHan နားမလည်သည့်မျက်ဝန်းတွေဖြင့် ပါလာသည်

Xing:" သား.."

သူခေါ်တော့ သားငယ်က မျက်ဝန်းဝိုင်းတွေဖြင့် မော့ကြည့်လာသည်

မျက်ဝန်းတောက်တောက်တွေက အနည်းငယ် ညှိုးနွမ်းနေသယောင်..

ဘာဖြစ်လို့လဲ သားငယ်ရယ်...Appa စိတ်ပူတယ်ကွယ်...

Xing:" သူငယ်ချင်းတွေနဲ့သွားမဆော့ဘူးလား..''

ခေါင်းလေးအသာခါကာ ခေါင်းပြန်ငုံ့သွားသော သားငယ်ကြောင့်

သားငယ်ရှေ့ ထိုင်ကာ မျက်နှာလေးကို အသာဆွဲမော့လိုက်တော့ မျက်ဝန်းတွေ၌ အရည်ကြည်လေးတွေ တွဲခိုလို့နေသည်

🌸 နှလုံးသား ကစားပွဲ 🌸 Donde viven las historias. Descúbrelo ahora