Part~10💔(Z+U)

2.6K 245 14
                                    

💔 နှလုံးသား ကစားပွဲ 💔 {Part~10}
°°°''°°°''°°°''°°°''°°°''°°°''°

နေရောင်ခပ်ရေးရေးက ချစ်ရသူ မျက်နှာထက် အနမ်းခြွေလေတော့ Jun သဝန်တိုစွာဖြင့် လက်ဖြင့်ကာလိုက်မိသည်

အချစ်ဥိး မို့၍လား မသိ Xing ကို Jun သိပ်ချစ်ပါသည်

မတူညီတဲ့အခြေအနေတွေကြောင့် Jun အချစ်ကိုရှေ့တန်းမတင်ခဲ့ပေမဲ့ တကယ်တမ်းကျ Jun ဥပေက္ခာ မပြုနိုင်ပြန်ဘူး

ရှေ့ဆက်ပြီး Jun ကံကြမ္မာက ဘာတွေဖြစ်လာဖြစ်လာ Xing အတွက်ဆို Jun ရင်ဆိုင်ပစ်မှာပါ

လေပြေလေးက ကျီစယ်တော့ ကိုယ့်ပေါင်ပေါ်အိပ်နေသော ချစ်ရသူ၏ ဆံနွယ်လေးတွေက လေပြေလေးတွေနောက် ဆော့ကစားလိုက်ပါ၏

တဖန် လေပြေလေးကို Jun မနာလိုဖြစ်ရပြန်ပြီ

ခပ်လွင့်လွင့်ဖြစ်နေတဲ့ ဆံနွယ်လေးတွေကို Jun အသာအယာ သပ်တင်ပေးလိုက်ရင်း Xing မျက်နှာချောချောကို ငေးကြည့်နေမိသည်

ပြုံးလိုက်ရင် ကလေးဆန်သွားတတ်ပြီး ရုပ်တည်နဲ့နေပြန်ရင် ခန့်ညားလွန်းသည့် Jun ချစ်သူရယ်ပါ

ပါးပြင်ဖွေးနုနုကို လက်ဖြင့်အသာထိကပ်မိတော့ နူးညံ့ညံ့ခံစားချက်ကို ခံစားလိုက်ရသည်

ကိုယ့်လက်ကြမ်းကြမ်းကြောင့် သူ့ပါးပြင်လေး ဒဏ်ရာများထင်သွားမလားဆိုသော အတွေးလေးဝင်လာမိတော့ သူ့ပါးပြင်ထက်မှ လက်ကို ချက်ချင်းဖယ်လိုက်မိသည်

ကွာခြားလွန်းတယ် Xing ရယ်

နေ့လည်ခင်းအတန်းလစ်ကာ ကျောင်းဝန်းထဲရှိ အရိပ်ရတဲ့ အပင်ကြီးတစ်ခုအောက် လာထိုင်နေခဲ့တာ အတော်လေးကြာနေပြီ

ထိုင်နေတယ်ဆိုသည်မှာလည်း ကိုယ်တစ်ယောက်သာ ရောက်ကတည်းက Jun ပေါင်ပေါ်အိပ်ချင်တယ်ဆို၍ မှေးစက်သွားသောသူက ခုချိန်ထိ အိပ်စက်နေဆဲ

မျက်တောင်ကော့ကော့လေးတွေ၏ အဖျားလေးတွေက အစပြုလို့

နှုတ်ခမ်းထူထူ ပါးပြင်ဖြူနုနုထိ အသေးစိတ် Jun ငေးမောကြည့်နေမိသည်မှာလည်း သူမှေးစက်သွားကတည်းက ခုချိန်ထိပင်

ပြည့်စုံလွန်းလှသည့် သူ့ပုံရိပ်လေးက ကိုယ့်ရဲ့သူ့အပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့ပေါင်းစပ်မိသည့်အခါ ကိုယ်ဟာ သူ့ရဲ့လောင်းရိပ်အောက်က ရုန်းမထွက်နိုင်ခဲ့ပါ

🌸 နှလုံးသား ကစားပွဲ 🌸 Where stories live. Discover now