Part~13💔(Z+U)

2.6K 231 15
                                    

💔 နှလုံးသား ကစားပွဲ 💔 {Part~13}
*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*

Jun:''Xing...လာလေ.."

Xing:"omm.."

အခန်းရှေ့ ရပ်နေသော Xing ကို လက်ကဆွဲလို့ Omma ဆီခေါ်လာတော့ Omma ကအပြုံးလေးနဲ့ဆီးကြိုတယ်

Jun'Omma:" သား အလုပ်မသွားရဘူးလား ဒီနေ့ "

Jun:'' ဟုတ် ဒီနေ့ ပိတ်တယ် omma ''

Jun'Omma:"အော်..အရင်ကဆို ညဘက်နောက်ကျမှပြန်လာတတ်လို့..ခုအလုပ်က..နောက်လည်းမကျဘူး.နားရက်လေးတွေလည်းရတော့..သားသက်သာတာပေါ့.."

Jun:"အဲ့ဒါ Xing ကူညီလို့ပါ Xing က သူ့အစ်ကိုဆိုင်မှာ သားကိုအလုပ်သွင်းပေးတော့ အဆင်ပြေသွားတာ SiWon Hyung ကလည်း သဘောကောင်းတယ်..Omma..ဒါက.သားသူငယ်ချင်း..Zhang Yi Xing တဲ့.."

Xing:"မင်္ဂလာပါ Aunty..ကျွန်တော်က Zhang Yi Xingပါ..."

Jun'Omma:"အေးအေး...သားကို ကူညီလို့ကျေးဇူးတင်ပါတယ်ကွယ်..သားက အန်တီကြောင့် အရွယ်လေးနဲ့မမျှအောင်ပင်ပန်းနေရတာ..''

Jun:"Omma..ကလည်း..Jun မပင်ပန်းပါဘူးဆို..Ommaက Jun ကိုစောင့်ရှောက်ခဲ့ရတာ ပိုပင်ပန်းခဲ့ရတာကို..ဒါနဲ့..Omma.ဆေးသောက်ပြီးပြီလား.."

Jun'Omma:"မသောက်ရသေးဘူး..သား..ဆေးကုန်နေလို့...မနက်ကတော့ nurse လေးက လာပို့မယ်ပြောတာပဲ ခုထိတော့မလာသေးဘူး.."

Jun:"ဟာ...အဲ့ဒါဆို မနက်ကတည်းကဆေးမသောက်ရသေးတာလား..Omma.."

Xing:"လူနာတစ်ယောက်ကို တနေ့လုံးပစ်ထားစရာလား Jun ကိုယ့်ကိုပေး အန်တီ့ဆေးတွေကို ကိုယ် သွားဝယ်ပေးမယ် ပြီးမှ တာဝန်ခံ Dr နဲ့သွားတွေ့ဦးမယ်.."

Jun'Omma:"ရပါတယ် သားရယ် သူတို့မေ့နေလို့နေမှာပါ.."

Jun:" မေ့နေတာမဟုတ်ဘူး.သူတို့ ဂရုမစိုက်ကြတာ..Omma နေသာရဲ့လား...တစ်နေရာရာက တစ်ခုခုဖြစ်တာမျိုးရှိလား..Jun ကိုပြော.."

Jun'Omma:" ဘာမှမဖြစ်ပါဘူး သားတို့ရယ် စိတ်မပူကြပါနဲ့ Omma နေကောင်းပါတယ်.."

Jun:" Xing Omma အနားမှာ ခဏနေပေးနော် Jun ဆေးသွားဝယ်မလို့..."

Xing:" ကိုယ်သွားဝယ်ပေးရမလား.."

Jun:" ရတယ် Xing Jun သွားလိုက်မယ် လိုအပ်တာလေးနည်းနည်းပါဝယ်ချင်လို့ Omma ကိုသာ ခဏကြည့်ထားပေးနော်.."

🌸 နှလုံးသား ကစားပွဲ 🌸 Tempat cerita menjadi hidup. Temukan sekarang