Part~20💔(Z+U)

3K 251 9
                                    

💔 နှလုံးသား ကစားပွဲ 💔 {Part~20}
*..*..*..*..*..*..*..*..*..*..*..*..*..*

သူ့ရင်ခွင်ထဲ ငြိမ်သက်စွာ မှီရင်းထိုင်နေသည့် Jun ရယ် Junပေါင်ပေါ် အိပ်ပျော်နေသည့် သားငယ် ရယ် ကားအနောက်ခန်းလေးက တိတ်ဆိတ်လျက်သား ။

Xing:" Jun...''

Jun:"ပြန်တော့...''

Xing:" စကားအေးဆေးပြောရအောင်နော် ကိုယ်မင်းကိုပြောစရာတွေ အများကြီးရှိတယ် ''

Jun:" ငါ နားမထောင်ချင်တော့ဘူး...ပြီးတော့ ငါ မင်းနဲ့မပါတ်သက်ချင်တော့ဘူး..ငါတို့ L.A ကိုပြန်တော့မှာ..''

Xing:" Jun အခုမှ အခုမှ ကိုယ် Junကိုပြန်တွေ့ရတာလေ ကိုယ်Junကိုလက်လွှတ်မပေးနိုင်ဘူး သားရော မင်းကိုရော ကိုယ် လက်လွှတ်မပေးနိုင်ဘူး..ကိုယ်တောင်းပန်ပါတယ်..ဖြစ်ခဲ့သမျှ ကိစ္စတွေအတွက်..''

Jun:" ငါ နားမထောင်ချင်တော့ဘူး Xing ငါ မင်းကိုခွင့်လည်းမလွှတ်ချင်ဘူး ဆက်လည်းမမုန်းချင်တော့ဘူး ဒီတိုင်းငါတို့သားအဖဘာသာအေးဆေးနေချင်တယ် မင်းရှင်းပြတာနားထောင်ပြီး မင်းရင်ခွင်ဆီပြန်လာလည်း သံသယတွေနဲ့ ငါရှင်သန်နေရလိမ့်မယ် ငါ မင်းကို အဆုံးထိ ယုံကြည်လိမ့်မယ်မထင်ဘူး ငါ အဲ့လိုခံစားချက်ကြီးကိုမုန်းတယ် "

တဖြေးဖြေးနဲ့ တိမ်ဝင်သွားသည့် Jun အသံလေးနဲ့အတူ တုန်ရီလာတဲ့ကျောပြင်လေးကြောင့် Jun ငိုနေပြန်ပြီဆိုတာသိလိုက်ရသည် ။

Xing:" Jun ရယ်..ကိုယ်တောင်းပန်ပါတယ် Jun ကိုအဲ့လောက်ထိ နာကျင်စေခဲ့မိတယ်လား...ကိုယ်တောင်းပန်ပါတယ် Jun ရယ် ''

ချစ်ရသူကိုယ်လေးကို ရင်ခွင်ထဲ ထွေးဖက်တော့ အလိုက်သင့်ခိုဝင်လာရင်း ရင်ခွင်ကျယ်ဆီ မျက်နှာအပ်ကာ ငိုပြန်သည် ။

Jun:" ငါ မင်းကို ထပ်မလွမ်းချင်တော့ဘူး အမုန်းတွေကြားက လွမ်းရတာ ပိုပင်ပန်းတယ် ငါ အရာအားလုံး ကိုမေ့လိုက်ချင်ပြီ ငါ မင်းကို မချစ်ချင်တော့ဘူး Xing "

မချစ်ချင်တော့ဘူး တဲ့လား

အခုချိန်ထိ ကိုယ်လိုလူဆိုးကို ချစ်ပေးနေခဲ့တယ်လား အချစ်ရယ်

ကိုယ်လေ မင်းနာကျင်မှုတွေကို ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲကွာ...

🌸 နှလုံးသား ကစားပွဲ 🌸 Where stories live. Discover now