Part~2💔(Z+U)

2.9K 248 2
                                    

💔 နှလုံးသား ကစားပွဲ 💔 (Part~2)
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

Yeol: " Hey Xiao Lu မင်း ကားက ဘယ်လိုဖြစ်တာလဲ ဟိုလက အဟောင်းကြီးမလား "

ChanYeol စကားကို  LuHan က Coffee သောက်ရင်း ခေါင်းလေးသာခါပြသည်

Kris: " ထုံးစံအတိုင်းပေါ့ကွာ မနေ့ကပွဲမှာ YiXing ကိုရှုံးခဲ့တာနေမှာပေါ့ "

Yeol: " ဟုတ်လား YiXing ဆိုမှ မနက်ကငါတစ်စွန်းတစကြားခဲ့တာ YiXing Roll, 2 ဖြစ်သွားတယ်ဆိုပဲ "

Lu: "မဖြစ်နိုင်တာ YiXing ကိုဘယ်သူကျော်ဖူးလို့လဲ ဘယ်ကောင်အာချောင်တဲ့စကားလဲမှ မသိတာ "

Hun: "ငါလည်းကြားခဲ့တာကွ ကျောင်းသားသစ်လို့လည်းပြောနေတယ် "

Kris:" ဟိုမှာလာပြီ ငြင်းမနေနဲ့တော့ မေးကြည့်လိုက် "

ကျောင်းဝန်းထဲသို့ဝင်လာသော အဖြူရောင်ပြိုင်ကားလေးအား Kris ပြလိုက်တော့ LuHan ကနှာခေါင်းရှုံလေရဲ့

တနေ့ကမှ အသစ်လဲထားတဲ့ကားလေး ၂၄နာရီမပြည့်ခင် YiXingကိုပေးလိုက်ရတော့နှမျောတသဖြစ်ရသည်

သဘောကျလွန်းလို့ PaPa ကိုမရမကပူဆာထားရတဲ့ဟာကို အမှတ်မရှိ YiXing နဲ့ကားမောင်းပြိုင်ပွဲ အတွက်လောင်းကြေးလုပ်လိုက်မိတဲ့ကိုယ့်ကိုကိုယ်သာအပြစ်တွေတင်မိသည်

"Two Moon " Economic University ၏ စံပြကျောင်းသားတွေဖြစ်တဲ့  သူတို့ငါးယောက်ကြား မည်သူမှမထင်ထားတဲ့အကျင့်လေးတစ်ခုရှိသည်

ကိစ္စရပ်သေးသေးလေးကအစ ငါးယောက်သားအလောင်းအစားလုပ်ကာပြိုင်တတ်ကြသည် အမြဲတမ်း သူတို့ထဲတွင်အောင်နိုင်သူက YiXing သာ YiXing မပါသည့်အခါမျိုး၌သာကျန်တဲ့လေးယောက်ကတစ်လှည့်စီအနိုင်ရတတ်သည်

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

ကျောင်းဝန်းထဲဝင်ဝင်ချင်းကြားလိုက်ရသည့်စကားတွေကြောင့် YiXingတစ်ယောက် မနေ့ကနိုင်လာတဲ့အပျော်လေးတွေ တစစီလွင့်သွားရသည်

" ကြားပြီးပြီလား Zhang YiXing က Roll 2 ဖြစ်သွားတယ်တဲ့ "

" Bor တကယ်ကြီးလား Roll 1 ကဘယ်သူလဲ "

🌸 နှလုံးသား ကစားပွဲ 🌸 Where stories live. Discover now