Part 2

7.5K 789 39
                                    

" ဘာကြည့်နေတာလဲ ။ သေချင်တာလား''

ပိတ်ကာဟောက်လိုက်တော့ ကုတင်ပေါ်က ကောင်လေးရဲ့ခန္ဓာကိုယ်လေးက ကျုံ့ခနဲဖြစ်သွားပြီး ထယ်ယောင်းထံမှအကြည့်တို့ကိုလွှဲလိုက်တော့သည် ။

ခပ်လှမ်းလှမ်းကျောက်တုံးပေါ်တွင်ထိုင်နေသောချန်းခွန်းကလည်း ထယ်ယောင်းကိုကြည့်ကာ ခေါင်းယမ်းမိလိုက်တော့သည်။

အဲ့ဒီလိုမျိုး မြင်လိုက်ပြန်တော့လည်း ထယ်ယောင်းစိတ်မကောင်းဖြစ်မိပြန်သည် ။
ကောင်လေးရဲ့ဘေးကုတင်ပေါ်ကို ထိုင်လိုက်ပြီးနောက် ကောင်လေးရဲ့ဆံပင်အညိုတို့ကို လက်ဖြင့်လှမ်းကာ ထိုးဖွကြည့်လိုက်တော့သည် ။

" မင်းရဲ့ဆံပင်က ဘာလို့ ဒါရီတွေနဲ့ အရောင်တူနေတာလဲ ''

" ဒါ....ဒါရီဆိုတာက ဘာလဲဟင် ''

" အဟက်....မင်းကဘယ်သူလဲကောင်လေး...မင်းကဘယ်ကလာတာလဲ! "

ခက်ထန်ထန်မေးလိုက်တဲ့ထယ်ယောင်းကြောင့် ဂျောင်းဂုရဲ့မျက်ဝန်းတို့သည်ဝိုင်းစက်လာကာ အခုချက်ချင်းပင် ထွက်ပြေးမတတ်ဖြစ်နေပြီး ခန္ဓာကိုယ်သည်တုန်နေတော့သည် ။

သူ့ကိုကြောက်နေတဲ့ပုံစံဖြစ်နေတဲ့ကောင်လေးကြောင့် ထယ်ယောင်း သက်ပြင်းချကာ မျက်နှာအားတစ်ဖက်ကိုလွှဲလိုက်တော့သည် ။

နှုတ်ခမ်းတို့မှလေပူတို့ကိုမှုတ်ထုတ်လိုက်ပြီး ဂျောင်းဂုဘက်ကိုပြုံးကာကြည့်လိုက်ပြီး

" တောင်းပန်တယ်...ငါဒေါသကြောင့်အော်လိုက်မိတယ်...
ဒါပေမယ့် မင်းဘယ်သူလဲ ဘယ်ကလဲဆိုတာငါ့ကိုပြောကိုပြောပြရမယ် ''

" ကျ...ကျနော်က ဂျွန်း ဂျောင်း ဂု ပါ.....''

" ဂျွန်း....ဝံပုလွေမျိုးစုတွေထဲမှာ ဂျွန်းမျိုးနွယ်ကို မကြားဖူးဘူး...သင်းကွဲမျိုးတွေထဲကများလားမသိဘူး ''

ချန်းခွန်းလည်း နှုတ်ခမ်းတစူစူနှင့် စကားဖြတ်ကာဝင်ပြောလိုက်တော့ ထယ်ယောင်း စုတ်တစ်ချက်သပ်လျက် ဂျောင်းဂုအားစိုက်ကြည့်ပြီး.....

" ဒါရီတွေမှာမျိုးနွယ်စုနာမည်အစုံရှိတယ် ။ ဒါပေမယ့် မင်း ဂျွန်းမျိုးနွယ်ကို ဘယ်ကြားဖူးပါ့မလဲ သူကဝံပုလွေမှမဟုတ်တာ...''

BLANKS //completedWhere stories live. Discover now