Part 18 [ fīńăl ]

9.9K 769 101
                                    

An// မနေ့ကအပိုင်းနဲ့ အပိုင်းသစ်နဲ့ကို ရောရေးပစ်လိုက်တာပါနော် ။ အလယ်မှာအပိုင်းသစ်ရှိပါတယ်ဗျာ ။

°°°°°°°°°°°°°°🖤BLANKS🖤°°°°°°°°°°°°°°°

ဂျောင်းဂုရဲ့မျက်ဝန်းတွေကရက်စက်မှုတွေပြည့်ဝနေပြီးတော့ သားရဲတွင်းပေါက်ဝမှနေ၍ အထဲတွင် သွေးသံအလိမ်းလိမ်းနဲ့လဲကျနေတဲ့ ဟန်ဆူးကို ငုံ့ကြည့်လိုက်ပြီးနောက်.....

" ခင်ဗျား....သေနေ့....စေ့ပြီ..... ''

ပြောပြီးသည့်နောက် ဂျောင်းဂုလည်း တွင်းနက်ထဲကို ခုန်ကာချလိုက်တော့တယ် ။

သူ့ရဲ့ခြေလှမ်းတွေက လဲကျနေတဲ့ ဟန်ဆူးဆီကိုသာ တစ်လှမ်းချင်းရွေ့လျားနေတော့တယ် ။

သူ့ရဲ့လက်သည်းတွေက တဖြည်းဖြည်းနဲ့ ပိုရှည်လာတော့တယ် ။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဂျောင်းဂုရဲ့ပုံစံကို ဟန်ဆူးတစ်ယောက်ကလွဲပြီး မည်သူမျှမြင်နိုင်တော့မည်မဟုတ်ပါ။

°°°°°°°°°°°°°°🖤BLANKS🖤°°°°°°°°°°°°°°

ထယ်ယောင်းရဲ့ရင်ခွင်ထဲကို ခေါင်းမှီထားပြီးနောက် ခါးကိုတင်းကျပ်စွာဖက်ထားသည့် ဂျောင်းဂုကို ထယ်ယောင်းနွေးထွေးစွာပင် ပြန်ဖက်ထားလိုက်တော့တယ် ။

မင်းလေးက ကိုယ့်အတွက် ထာဝရယုန်ပေါက်ကလေးပါပဲဂျောင်းဂုရယ် ။

" ထယ်..ယောင်း..... ''

" အင်း....ကိုယ့်ကလေးလေး ပြောလေ ''

" ထယ်ယောင်းသိပြီးသားမလား.....၊ ဒီနေ့ကလပြည့်ညဆိုတာ ''

" အင်း ကိုယ်သိပါတယ်.....၊ ဒီနေ့က အနီရောင်လတစ်ဖန်ပြန်လည်ထွက်မယ့်နေ့..... ''

" ကျနော်ကြောက်နေမိတယ် ''

" ကလေးက ဘာကိုကြောက်နေတာလဲ..... ''

" လနီညကျရင် ကျနော် ဝံပုလွေဆိုးကြီးပုံပြောင်းသွားရင် ဘယ်လိုလုပ်မလဲ ''

" ကိုယ်အနားမှာရှိနေသရွေ့....ဂျောင်းဂုက ဘယ်လိုမှ ဝံပုလွေဆိုးဖြစ်သွားမှာမဟုတ်ဘူး ''

" ဘာလို့လဲဟင် ''

" ကလေးက ကိုယ့်ကိုချစ်တော့ ကလေးအရိုင်းစိတ်ဝင်လာရင်တောင် ကိုယ့်ရဲ့မျက်နှာကိုမြင်ရင် ပြန်ထိန်းသိမ်းနိုင်သွားမယ်လို့ ယုံတယ် ''

BLANKS //completedWhere stories live. Discover now