Part 11

4.2K 637 107
                                    

" ဘာ!!!!!!!!!!!!!! ထယ်ယောင်း တစ်ကယ်ပဲလား ''

ချန်းခွန်းလည်းအလန့်တကြားအော်လိုက်တော့ ထယ်ယောင်း ခေါင်းအားငြိမ့်ပြလိုက်ပြီး သက်ပြင်းချလိုက်ကာ....

" အန်းက ဂျောင်းဂုကိုမှတ်ခဲ့တယ် ။ အဲ့ဒါကြောင့်မလို့....ငါ အန်းကို ယှဉ်ပြိုင်ဖို့စိမ်ခေါ်ခဲ့တယ် ။
အန်းကို ငါသတ်ခဲ့တယ် ချန်းခွန်း ။
သူသေသွားမှ ဂျောင်းဂုကိုငါပိုင်ဆိုင်နိုင်မှာ ။ ''

" ဒါပေမယ့် မင်း အန်းကိုနိုင်ခဲ့တယ်မလား ''

" အင်း...အန်းကိုငါ သတ်နိုင်ခဲ့တယ်.... ''

" အဲ့ဒါဆိုမင်းက ခေါင်းဆောင်ဖြစ်ပြီလေ...ဘာလို့ မင်းကိုဂိုဘီတွေကနှင်ထုတ်ရတာလဲ....''

" သူတို့ရဲ့အမြင်မှာ ငါကခေါင်းဆောင်ကိုပြန်သတ်တဲ့ဝံပုလွေလို့မြင်လို့နှင်ထုတ်တာရှင်းနေတာပဲလေ ။
ပြီးတော့ ဂိုဘီတွေရဲ့စည်းမျဉ်းအရ ငါအနည်းဆုံးတစ်ပတ်တော့ မျိုးစုရဲ့အပြင်မှာနေရမှာပဲ... ''

" မင်းက ကိစ္စမရှိဘူး ။ ဂျောင်းဂုလေးကျတော့ အပြင်မှာ စိတ်မချရဘူးလေ ''

" အပြင်မှ စိတ်မချလို့ မင်းဆီလာနေတာပေါ့ ။ ဒါနဲ့ ငါ့ရဲ့ဂျောင်းဂုလေးရော.... ''

" ဆောဂျွန်းနဲ့အပြင်ထွက်သွားတယ်လေ....''

ထယ်ယောင်းရဲ့မျက်ဝန်းက စိတ်ပူသွားသည့်ပုံပေါ်တော့ ချန်းခွန်းပြုံးမိလိုက်တော့တယ် ။

ချန်းခွန်း ထယ်ယောင်းရဲ့ပုခုံးကိုလှမ်းကာပုတ်လိုက်ပြီးနောက် ရီလိုက်ကာ...

" အဂျွန်းက စိတ်ချလို့ရပါတယ်ကွ ၊ မင်းကလည်း ဖြစ်ပျက်ပြနေလိုက်တာ ။ ''

" ဂျောင်းဂုက အသက်နှစ်ဆယ်မပြည့်သေးလို့ စိတ်ပူနေရတာပေါ့ကွ ''

" အေးပါ.... ထားပါတော့.... ''

သူတို့နှစ်ယောက်စကားပြောနေတုန်း ဂူထဲကိုပြေးဝင်ကာတဲ့ ဆောဂျွန်းနဲ့ဂျောင်းဂု ။
ဂျောင်းဂုရဲ့ပုံစံလေးကလည်း တစ်ခုခုကိုထိတ်လန့်နေသည့်ပုံမျိုး ။

ဂျောင်းဂုရဲ့မျက်နှာကို အမြဲလိုကြည့်နေတတ်တဲ့ထယ်ယောင်းတစ်ယောက် ချက်ချင်းရိပ်မိလိုက်ပြီး ဂျောင်းဂုဆီကိုထသွားကာ....

BLANKS //completedWhere stories live. Discover now