ဂျောင်းဂု လဲကျနေတဲ့ ထယ်ယောင်းရဲ့ခန္ဓာကိုယ်ကို ပွေ့ထားလျက်သာ ငိုနေမိလိုက်တယ် ။
သူဘာလို့များ ထယ်ယောင်းအပေါ် အဲ့ဒီလိုလုပ်ရက်ခဲ့မိပါလိမ့် ။
" တောင်းပန်ပါတယ်....သတိရပေးပါ...ကျနော့်ကို ချစ်ရင် ထွက်မသွားဘဲ သတိရနေပေးပါနော်''
ငါ ဘာတွေလုပ်နေတာလဲ ။
ထယ်ယောင်းရဲ့ဘေးမှာ ငိုနေရင်းနှင့်ပင် ဂျောင်းဂု တဖြည်းဖြည်းလူပုံစံပြောင်းလာတော့သည် ။
အနီရောင်ဆံသားအိအိ အနီရောင်ချည်အင်္ကျီနှင့် ဂျောင်းဂုကား...သန်မာသည့်ပုံစံတစ်စက်မှမရှိသည့်အပြင်....ကလေးတစ်ယောက်ကဲ့သို့ပင်ဖြစ်သွားတော့သည် ။
" ကျနော်ကလေ...ထယ်ယောင်းအတွက် အန္တရာယ်ကောင်ဖြစ်နေပြီထင်တယ် ''
သူ့ရဲ့လက်မောင်းကိုသူ ထပ်မံကာအညှာအတာမရှိ လက်သည်းတို့ဖြင့် ဂျောင်းဂုကုတ်ချလိုက်တော့သည် ။
တပေါက်ပေါက်ကျလာတဲ့ သွေးစက်တွေက လက်မောင်းမှစီးကာကျလာသည် ။ကျနော် အရမ်းနာကြင်ရပါတယ်....။ လက်မောင်းကမဟုတ်ဘူး ရင်ထဲက နာကြင်နေရတာပါ ။
ကျွန်တော်ချစ်တဲ့ထယ်ယောင်းကို...ကျနော့်ကြောင့်တော့ ထွက်မသွားစေချင်ဘူး..... ။သွေးစက်တို့ကား ထယ်ယောင်းရဲ့နှုတ်ခမ်းပေါ်သို့တောက်လျှောက်ကျနေတော့သည် ။
ဂျောင်းဂု ထယ်ယောင်းရဲ့နှုတ်ခမ်းတို့ကို ပွင့်ဟပေးကာ သွေးစက်တို့အား ခံတွင်းတွင်းသို့ သက်ဆင်းစေခဲ့တယ် ။ ဒါပေမယ့်...တုန့်ပြန်လှုပ်ရှားမှုတစ်ခုမှမရှိတော့တဲ့ ထယ်ယောင်း..... ။သူ တစ်ကယ်ပဲ......
ဂျောင်းဂုမျက်ရည်တို့က အထိန်းအကွပ်မရှိစွာပင် ကျဆင်းလာပြီးနောက် ထယ်ယောင်းဘေးရှိ ဂူကြမ်းပြင်တွင် ဒူးထောက်ကာ ငိုနေလိုက်တော့တယ် ။
အပြင်ဘက်မှာ တိုက်ခိုက်နေတဲ့အသံတွေကို ဂျောင်းဂုကြားနေရတယ် ။ ဒါပေမယ့် သူဘာကိုမှစိတ်မဝင်စားဘူး ။
သူ သူ့ရဲ့ထယ်ယောင်းဆီမှာပဲ စိတ်တို့ကိုမြုပ်နှံထားပြီးပြီ ။" အာရန်!!!! "
ဂူထဲကို အော်ရင်းပြေးဝင်လာတဲ့ ခြေသံပိုင်ရှင်ကို ဂျောင်းဂုလှည့်ကြည့်လိုက်တော့သည် ။
YOU ARE READING
BLANKS //completed
WerewolfKim Tae Hyung X Jeon Jung Kook Unicode+ Zawgyi code Can you fill the blanks in my heart,..... The second Were-Wolf fiction..... Collabration with @HaryarHaryar