Part 7

4.4K 617 27
                                    

' ဟန် ယောင်း..... '

ချန်းခွန်းအသံကြောင့် ဆောဂျွန်းရင်ထဲအောင့်တက်သွား၏။
ဟန်ယောင်းတဲ့လား။
( my poor ဆောဂျွန်း..)
ရလာတဲ့ဟန်ဂျူအနံ့ကလဲ တဖြည်းဖြည်းပြင်းလာတာမို့
ဆောဂျွန်း ချန်းခွန်းကိုပွေ့ချီလိုက်ကာ ခပ်ဝေးဝေးကို
ပြေးသွားလိုက်တော့၏။
ချန်းခွန်းကတော့ မျက်နှာဖြူစုတ်လာကာ မေ့လဲနေ၏။

' သွေး..!!! Arrr....!! '

ချန်းခွန်းမေးကြောများထောင်တက်လာကာ အကျယ်ကြီး
အော်လိုက်၏။
ဆောဂျွန်း ချန်းခွန်းကိုကြည့်ပြီး ရင်ထဲမကောင်းတော့ပေ။
သူချန်းခွန်းကိုတခုခုမကူညီနိုင်ဘူးလား။
ဆောဂျွန်းစိတ်ညစ်ကာ ခေါင်းကုတ်လိုက်၏။

ငါ့သွေးကို သူ့ကိုတိုက်လိုက်ရင်ရော

အတွေးပေါ်လာပြီး ချန်းခွန်းကိုကြည့်လိုက်၏။
ချက်ချင်းပင် လက်ဖျံကိုဘေးနားကကျောက်ဆောင်နဲ့
ရိုက်ချလိုက်၏။

' Ah.... '

နာကျင်သွားပေမဲ့ အံ့ကြိတ်လိုက်ပြီးချန်းခွန်းရဲ့
ပါးစပ်နားသို့ကပ်ကာသွေးတို့ကိုချလိုက်၏။
မေ့မြောနေတဲ့ချန်းခွန်းရဲ့နှာခေါင်းက သွေးနံ့ကြောင့်
တရှုံ့ ရှုံလုပ်လိုက်ပြီး မျက်လုံးတို့ပွင့်လာ၏။
ဒါပေမဲ့ ချန်းခွန်းအခုချိန်မှာအားနည်းပြီး အစာမစားရတာကြောင့် အသိစိတ်ပျောက်နေ၏။
မိမိရှေ့မှာရှိတဲ့ ဆောဂျွန်းရဲ့လက်အားဆွဲယူကာ
ကိုက်ချလိုက်တော့၏။

' အ.... '

ဆောဂျွန်းရဲ့အသားကိုထိုးဖောက်လာတဲ့ အစွယ်တွေကြောင့်
တော်တော်လေူနာကျင်သွား၏။
ဒါပေမဲ့ ဆောဂျွန်းမရုန်းရက်ပေ။
ချန်းခွန်း သွေးမသောက်ရတာ 4ရက်လောက်ပင်ရှိနေပြီ
ဖြစ်၏။
အခုသွေးကိုရလိုက်တဲ့အချိန်မှာတော့ စိတ်ကမထိန်းနိုင်တော့
ပေ။
ဒါကြောင့်ဆောဂျွန်းရဲ့လက်ကိုကိုက်နေရင်းမှ
ဆောဂျွန်းကိုစောင့်တွန်းလိုက်ကာ အပေါ်မှငုံ့မိုးလိုက်ပြီး
လည်ပင်းကိုက်ချလိုက်တော့၏။
ဆောဂျွန်းလဲအမှတ်တမဲ့မို့ကြောင်သွားပေမဲ့
လည်ပင်းကိုကိုက်ရန်ပြင်လိုက်တဲ့ ချန်းခွန်းကြောင့်ဆောဂျွန်းလန့်သွား၏။
သူ့သင်္ကေတက လည်ပင်းမှာမလား.....

BLANKS //completedTempat cerita menjadi hidup. Temukan sekarang