အပိုင်း (၁)

477 35 92
                                    

Zawgyi

"ချစ်​တဲ့ ပရိတ်​သတ်​ကြီး မင်္ဂလာပါ ---- ကျ​နော်​က​တော့ Food Blogger NongNong ပဲ ဖြစ်​ပါတယ်​ -----
ဒီ​နေ့က​တော့ ခါတိုင်း တင်​ဆက်​တဲ့ video clip ​တွေလို အစားအ​သောက်​အ​ကြောင်း ​ပြောမှာမဟုတ်​ပါဘူး ​ပျောက်​ဆုံး​နေ​သော ကျ​နော့်​သူငယ်​ချင်းအ​ကြောင်းပဲ ဖြစ်​ပါတယ်​ ----
ဓာတ်​ပုံမှာပြထားသလိုပဲ ကျ​နော့်​သူငယ်​ချင်း KunKun က ကြည့်​​ကောင်းပါတယ်​ ဆံပင်​လိမ်​လိမ်​ အသားဖြူဖြူ အရပ်​ 5​ပေ 11 ​အ​နောက်​တိုင်းဆန်​တဲ့ တရုတ်​လူမျိုးတ​ယောက်​ပါ
ပြီးခဲ့တဲ့အပတ်​ ​သောကြာ​နေ့တည်းက သူ့အိမ်​နဲ့​ရော ကျ​နော်​တို့နဲ့ပါ အဆက်​အသွယ်​ မရတာပါ ပရိသတ်​ကြီး အ​နေနဲ့ သူ့ကိုတ​နေရာရာမှာ ​တွေ့မိခဲ့ရင်​ ကျ​နော်​တို့ကို အ​ကြောင်းကြား​ပေးကြပါလို့ ​မေတ္တာရပ်​ခံအပ်​ပါတယ်​ -----"

NongNong သည်​ ထို video clip ကို တင်​ပြီးသည်​နှင့်​ တပြိုင်​နက်​ သူ့ Laptop ​လေးကို ပိတ်​ချလိုက်​ပါ​တော့သည်​ ဒီရက်​ပိုင်းအတွင်း KunKun​ကြောင့်​ စိတ်​​ရောကိုယ်​ပါ ​မော​နေပြီဖြစ်​သည်

______________

KunKun ------
ကျ​နော်​ဟာ သူ့ကို ​ဘေးအိမ်​ကို ​ပြောင်းလာစ​နေ့တည်းက သတိထားမိခဲ့တာပါ ----

အဲ့​နေ့တုန်းက Vanကား အဖြူ​လေး​ပေါ် တနိုင်​တပိုင်​ပစ္စည်း​လေး​တွေတင်​ပြီး အိမ်​​ပြောင်းလာတဲ့အချိန်​ ကျ​နော်​က အကို YanJun ခိုင်းလို့ ကြက်​သွန်​မြိတ်​လာအခူး ခြံစည်းရိုးသံပန်း​လေးကို ​ကျော်​ပြီး အကြည့်​ချင်း​တွေ ဆုံခဲ့တာ​ပေါ့---

"Hi" ဆိုပြီး ကျ​နော်​လက်​ပြလိုက်​​ပေမယ့်​ ကြက်​​ပေါက်​​ရောင်​ဆွယ်​တာဝတ်​ထားတဲ့ ဆံပင်​လိမ်​လိမ်​​ကောင်​​လေးက​တော့ မျက်​လုံးအဝိုင်းသားနဲ့ ပြန်​ကြည့်​ပြီး စက္ကူပုံး​လေးပိုက်​ အိမ်​ထဲသုတ်​​ခြေတင်​ ဝင်​​ပြေးသွားပါတယ်​ ကျ​နော်​က​တော့ ကြက်​သွန်​မြိတ်​အစည်းကိုင်​ပြီး ပြုံးကျန်​ခဲ့တုန်း

ဒါ​ပေမယ့်​ သူကျ​နော့်​ကို အကြာကြီး ပလစ်​ထားလို့မရပါဘူး ၁၅ မိနစ်​​လောက်​ကြာ​တော့ အိမ်​ထဲက သူထွက်​လာပြီး

Mysterious NeighbourWhere stories live. Discover now