အပိုင်း ၇

162 17 97
                                    

(Unicode)

Tao သည် သူ့ Tablet ထဲမှ ဖိုင်တချို့ကို ဖွင့်ပြလျှက်

"ဆရာကြီးWangက သူနဲ့ အမြဲအဆက်အသွယ် ရှိခဲ့တာပဲ နှစ်တိုင်း ငွေထောက်ပံ့ပေးခဲ့တယ်ဆိုတော့ ----"

"အဲဒါက သူရသင့်တဲ့ငွေတွေပါ --- သူအိမ်က ထွက်သွားပြီးနောက်ပိုင်း ကျနော်သူ့ပုံတွေပဲဆွဲပြီး အောင်မြင်သွားခဲ့တာလေ --- ဒါပေမယ့် အဲ့ငွေတွေ သူမသုံးပါဘူး သူနေခဲ့တဲ့ ဂေဟာတိုင်းမှာ လှူပစ်ခဲ့တာချည်းပဲ --- သူ့အတွက်သုံးတာ တချိန်ပဲရှိမယ် မဂ်လာပွဲပျက်အပြီး နေရာပြောင်းဖို့ထင်တာပဲ ---"

"အိမ်ငှားခပါ ကျနော့်ဘေးအိမ်ကို ပြောင်းလာဖို့ပေါ့ --- ခင်ဗျားက KunKun နဲ့ လက်ထပ်ခဲ့တာလား ----"

LiNong သည် Tao ဆွဲထားသည့် ကြားကပင် ပန်းချီဆရာကြီး Wang ကို ရှုးရှုးရှဲရှဲနဲ့ ထမေးလိုက်သေးသည် ပန်းချီဆရာကြီး Wang မှာမူ LiNong ၏ ဒေါသကို မမြင်နိုင်သေး အညှို့ခံထားရသည့်သူပမာ အတိတ်ဇာတ်ကြောင်းထဲ မျောပါနေတုန်းပင်

"သူ့ကို ---- လက်ထပ်ချင်ခဲ့တာပေါ့ ---"
________________

"ကိုယ် --- KunKun ကို လက်ထပ်ပါရစေ ----"

Ziyi လက်ထဲမှ စိန်လက်စွပ်လေးကို ကြည့်ရင်း KunKun သည် မျက်လုံးအဝိုင်းသား

"Ziyi ---- ဘာဖြစ်လို့လဲဟင် ပန်းချီကားကြောင့်လား အဲဒါကြောင့်နဲ့တော့ မယူပါနဲ့ ငါခွင့်ပြုပါတယ်"

"မဟုတ်ဘူး ပန်းချီကားကြောင့် မဟုတ်ဘူး အစတည်းက ငါမင်းကို သဘောကျနေခဲ့တာ စမြင်တည်းက ----"

Ziyi သည် စကားတွေပြောရင်း လက်တွေပင်တုန်လာသည် KunKun စိတ်ထဲရော ဘာတွေတွေးနေမလဲ အကဲခတ်၍မရ သေချာတာတော့ သူရှက်နေသည် ပါးလေးတွေရော နားရွက်ဖျားလေးတွေပါရဲလို့

"ဒါပေမယ့် မင်းငါ့နောက်ကြောင်းသေချာမသိဘူးလေ စဥ်းစားပါအုံး Ziyi ရဲ့"

"အိမ်ပြေးဖြစ်လည်းရတယ် ဘာပိုင်ဆိုင်မှုမှ ရှိစရာမလိုဘူး တကောင်ကြွက်ဆိုလည်း ကိုယ်က ပိုပြီးတော့တောင် ချစ်ပေးမှာ ---"

Ziyi ကိုကြည့်ရင်း သူက သက်ပြင်းချည်း ချနေတော့သည်

"အာ Ziyi ရယ် အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ ငါက မင်းထင်သလို မရိုးရှင်းဘူး ----"

You've reached the end of published parts.

⏰ Last updated: Nov 22, 2019 ⏰

Add this story to your Library to get notified about new parts!

Mysterious NeighbourWhere stories live. Discover now