အပိုင်း (၃)

174 17 78
                                    

Zawgyi

"ဗျာ ----- ကျ​နော်​တို့က Changsha University ကို လိုက်​သွားရမှာ -- ဘာလို့လဲ KunKun က အဲ့မှာတက်​​နေတာလား ---"

NongNong အလန့်​တကြား​ပြောမှ သူငယ်​ချင်းကို ဖုန်းဆက်​​မေး​နေသည့်​ YiFan ပင်​ ဖုန်းအမြန်​ချကာ

"ဟိတ်​​ကောင်​ တိုးတိုး​ပြောစမ်းပါကွ --- ဒီမှာ မင်း​ယောက်​ခမ​တော်​ရမှာလား လုဖက်​လား မသိနိုင်​တဲ့သူနဲ့ ဖုန်း​ပြော​နေတယ်​​လေ ---
KunKun ရှိမရှိ​တော့ မသိဘူး ဒါ​ပေမယ့်​ သူ့အ​ကြောင်း ​ပြောပြနိုင်​တဲ့ ZhangYiXing က ဒီအချိန်​ဆို တက္ကသိုလ်​မှာပဲရှိမှာတဲ့ ----
မင်း သွားမှာလားမသွားဘူးလား "

သို့မှသာ မှိုင်​ကျသွားပြီး

"သွားမယ်​ဗျာ --- သွားမယ်​ "

___________________________

"GeGe ပြီးပြီ ----"

"Wow--- မှန်​တယ်​ HaoHao ​လေးက ​တော်​လိုက်​တာ ---"

အမှန်​ခြစ်​အကြီးကြီးရလို့ ​ပျော်​ပြီး ပြန်​သွားတဲ့ 7 နှစ်​အရွယ်​ HaoHao ရဲ့ ​နောက်​​ကျောကို ကြည့်​ရင်း KunKun ပြုံးပြီး ကျန်​ခဲ့တယ်​ သူပြုံးတာကို ကြည့်​ရတာ NongNong လည်း ​ပျော်​တယ်​ KunKun က ည​နေတိုင်းလိုလို Perfect Restaurant ရဲ့ ပင်​တိုင်​​ဖောက်​သည်​ ဖြစ်​​နေပြီ အိမ်​​ရှေ့အိမ်​က မူလတန်းက​လေး HaoHao ကိုလည်း ​တွေ့တိုင်း စာသင်​​ပေးတတ်​​သေးတာ

ဂဏန်းအစပ်​ဟင်းကို ချ​ပေးရင်း NongNong ဟာ သူ့စားပွဲဝိုင်းမှာပဲ မျက်​နှာချင်းဆိုင် ဝင်​ထိုင်​ကာ

"KunKun က က​လေးချစ်​တတ်​တယ်​​နော်​ --- ကိုယ်​ငယ်​ငယ်​တုန်းက အဲ့လိုစာကူလုပ်​​ပေးမယ့်​သူသာရှိရင်​ အိမ်​စာမပြီးတာမျိုး ဖြစ်​မှာ​တောင်​ မဟုတ်​ဘူး ----"

ဂဏန်းကို အားရပါးရ ထွင်​စား​နေရင်း KunKun က အချဉ်​ရည်​​ပေ​နေတဲ့ ပါးစပ်​​လေးနဲ့ ရယ်​ပြပြီး

"က​လေးတင်​မကဘူး ​ခွေး​ရော ​ကြောင်​​ရော အ​ကောင်​ပ​လောင်​မှန်​သမျှ အကုန်​ချစ်​တာ --- ဟီး HaoHao ​လောက်​တင်​မဟုတ်​ဘူး NongNong ကိုလည်း အင်္ဂလိပ်​စာသင်​​ပေးလို့ရပါတယ်​​နော်​ ည​နေစာ​ကျွေးရင်​​ပေါ့ ---"

Mysterious NeighbourTempat cerita menjadi hidup. Temukan sekarang