အပိုင်း (၆)

112 14 105
                                    

(Zawgyi)

"မင်းတို့ ငါ့ဆီလာပြီး အချိန်ဖြုန်းမယ့်အစား KunKun ကိုပဲ တွေ့အောင်ရှာသင့်တယ်"

ပန်းချီဆရာကြီး Wang သည် Yifan တို့ကို အအေးတိုက်ပြီး ချိုချိုသာသာနှင့် နှင်ထုတ်နေသလိုပင် NongNong ကတော့ အအေးကို စိတ်မဝင်စားပဲ နံရံတွေပေါ်က ပန်းချီများဆီသာ မျက်စိရောက်နေသည်

"ဆရာကြီးနဲ့ KunKun က ဘယ်လိုပက်သက်ပါသလဲ --- ပန်းချီကားထဲကလူကရော ဘယ်သူလဲ"

ပန်းချီဆရာ Wang သည် သူ့စကားကို မကြားသယောင်ပြုပြီး မဖြေပဲနေလေ၏ ထိုစဉ် အပေါက်ဝမှာ ကျန်ခဲ့သော Tao ရုတ်တရက် အပြေးဝင်လာပြီး

"WangZiYi ခင်ဗျား သိနေတယ်မလား သူ့အကြောင်း ---- Fan အိမ်တော်ပို့လိုက်တဲ့ ပန်းချီကားက ခြိမ်းခြောက်တာမဟုတ်ဘူး သူ့ကိုထွက်ပြေးဖို့ အချက်ပြလိုက်တာပဲ----"

NongNong တို့ပင် ကြားထဲက နားမလည်တော့

"အစ်ကိုဘာတွေ ပြောနေတာလဲ ----"

Tao သည် သူ့ဖုန်းထဲမှ msg ကို ထုတ်ပြပြီး

"ဟောဒီမှာ KunKun ခင်ဗျားအိမ်ကနေ ထွက်သွားအပြီး မိဘမဲ့ဂေဟာတွေမှာ နေခဲ့တဲ့ ခုနှစ်တွေနဲ့ ဂေဟာလိပ်စာတွေပဲ ---- မျိုးနွယ်နာမည်တွေ ပြောင်းခဲ့ပေမယ့် သူကတော့ တယောက်တည်းပဲ 1980 ကနေ 2017 အထိ ဂေဟာ 14 ခုအထိ ပြောင်းနေခဲ့တယ် ဒါပေမယ့် သူ့အသက်အရွယ်ကတော့ အခုချိန်ထိ 20 ကနေ တက်မလာခဲ့ဘူး -----ဘာဖြစ်လို့လဲ"

"ဗျာ ----"

LiNong နှင့် Yifan မှာ အံ့သြတုန်လှုပ်သွားသလောက် ပန်းချီဆရာ Wang Ziyi မှာမူ အေးအေးဆေးဆေးနှင့်ပင်

"အော် --- သူခုထိ အသက်ကြီးမလာသေးဘူးပဲ KunKun က သာမန်လူတွေလို အသက်အရွယ်မျိုးရချင်ခဲ့တာ ----
သူက လူကောင်းတယောက်ပါ သာမန်ဘဝနဲ့ပဲ အိုမင်းသွားချင်ခဲ့တာ -----"

ပန်းချီဆရာ WangZiYi သည် မျက်ရည်လည်ကာ ပြုံးလျှက် သူနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော အမှန်တရားတခုကို ချပြဖို့ အသင့်ဖြစ်နေပြီဖြစ်သည်

___________________

1950 ဝန်းကျင်လောက် တရုတ်လူမျိုး အတော်များများ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရွှေ့ပြောင်း အခြေချကြတဲ့အထဲမှာ Ziyi ရဲ့ မိဘတွေလည်း ပါဝင်ခဲ့ပါတယ် Ziyi ကိုလည်း Switzerland မှာပဲ မွေးဖွားခဲ့ပြီး အဲ့ဒီမှာပဲ ကြီးပြင်းကာ ကျောင်းနေခဲ့ရတယ် တက္ကသိုလ်တက်နေတုန်း မိဘနှစ်ပါး ယာဉ်တိုက်မှုနဲ့ဆုံးပါးသွားတဲ့အခါ အဲ့နေရာမှာ ဆက်နေလိုစိတ်မရှိတော့ပဲ မိခင်ရဲ့ မွေးရပ်မြေ ShanXi ကို ပြန်လာခဲ့ပါတယ် အဲဒီမှာပဲ KunKun နဲ့ စတင်ဆုံစည်းခဲ့ပါတော့တယ်

Mysterious NeighbourHikayelerin yaşadığı yer. Şimdi keşfedin