အပိုင်း (၂)

248 24 117
                                    

Zawgyi

တတီတီနှင့်​ ထမြည်​သည်​နှင့်​ NongNong သည်​ အလွန်အမင်း တက်ကြွလျှက် လျှင်​မြန်​စွာထ ​ရေမိုးချိုး မျက်​နှာသစ်​ လမ်းထိပ်​က discount ရလို့ ဝယ်​လာသည့်​ ဘာcreamညာcream​တွေ လိမ်းကာ မှန်​ကို တချက်​ကြည့်​၏

"Wow မှန်​ထဲက ​ကောင်​​ချော​လေးက ဘယ်​သူပါလိမ့်​ ----- ဟားဟားဟားဟား ----- "

အကျီအကျအနဝတ်​ကာ ကိုယ်​လုံး​ပေါ်မှန်​​ရှေ့ ဟိုလှည့်​ဒီလှည့်​ လုပ်​​နေစဉ်​ အကို ZhangJing တံခါးဖွင့်​ဝင်​လာပြီး နှာ​ခေါင်းတရှုံ့ရှုံ့နှင့်

"ဟဲ့ အ​စောကြီး ဘယ်​သွားမလို့လဲ -----"

"အမှိုက်​သွားပစ်​မလို့​လေ ----"

"ဘာ -----  အွန်​လိုင်းမှာ video တင်​တဲ့အချိန်​​တောင်​ ​ပေစုတ်​​နေတဲ့​ကောင်​က မဖြစ်​နိုင်​တာ ---

ခါတိုင်းဆို အမှိုက်​ကား​ခေါင်း​လောင်းသံကြားမှ နိုးပြီး အမှိုက်​ထုတ်​ဆွဲ ​ပြေးရတဲ့​ကောင်​ကများ

မှန်​မှန်​​ပြောစမ်းပါ ဘယ်​သွားမလို့လဲလို့ ဒီ​လောက်​ ​ရေ​မွှေးပုလင်း​မှောက်​ချထားတာ -----"

"ဟာ ဗျာ အမှိုက်​သွားပစ်​မလို့ပါဆို ----- ChenLiNong က အရင်​လို အ​ခြေအ​နေ မဟုတ်​​တော့ဘူး ​ဘေးအိမ်​က အ​ချော​လေးက ကျ​နော့်​ကို crush​နေတာ ----
Crush ခံလူတန်းစားပီပီ ပြင်​ပြင်​ဆင်​ဆင်​ ​နေရ​တော့မယ်​​လေ ----
အမ​လေး မှန်​ထဲမှာ ငါ​ချောလိုက်​တာ အဲ့​လောက်​​ချော​နေရင်​ KunKun ​လေး​တော့ အ​ကြွေလွန်​ပြီး အရည်​​ပျော်​ကုန်​​တော့မှာပဲ -----"

အကို Zhangjing သည်​ နှစ်​တ​ထောင်​ FA ပီပီ တ​ဝေါ့​ဝေါ့ လုပ်​ပြ​နေ​သေးသည်​ အဲ့လိုမပြင်​ဆင်​တတ်​လို့ တအိမ်​တည်း​နေတာ​တောင်​ သူကြိုက်​​နေတဲ့ YanJun နဲ့ တိုးတက်​မလာ​သေးတာဟု NongNong ယူဆ၏

အမှိုက်​ထုတ်​ကို စမတ်​ကျကျဆွဲ ခြံ​ရှေ့မှာ ဟန်​ပါပါနှင့်​ နာရီကြည့်​လိုက်​​တော့ 8:15

သူ​မျှော်​​နေသည့်​ ​ဘေးအိမ်​မှ KunKun ​လေးလည်း ထွက်​လာ၏ သူကသာ အသားကုန်​ပြင်​ဆင်​လာရသည်​ အ​ချော​လေးက​တော့ မျက်​နှာ​တောင်​ သစ်​လာရဲ့လားမသိ ဆံပင်​စုတ်​ဖွား ကာတွန်းည၀တ်စုံ ကြေကြေ​လေးနှင့်​ အမှိုက်​ထုတ်​အကြီးကြီးကို တရွတ်​တိုက်​ဆွဲလာသည်​ ကြင်နာတတ်သော NongNong သည် ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် အပြေးသွားကူမည်အလုပ်

Mysterious NeighbourUnde poveștirile trăiesc. Descoperă acum