ညနေကျောင်းလွှတ်ချိန်..
ကျနော်နှင့်Taeမနေ့ကပြောထားတဲ့အတိုင်း စတိုးဆိုင်ရှေ့ တွင်တာရေခဲ တစ်ယောက်တစ်ခွက်နှင့်
ခုံးတန်းလေးပေါ်တွင် ထိုင်နေခဲ့သည်...သူလည်းတိတ်နေသလို ကျနော်ကိုယ်တိုင်လည်း
တိတ်ဆိတ်နေသည်."Tae!! ငါမင်းကို ပြောစရာရှိတယ်"
ပြောဆိုတဲ့ အနေနှင့်ပြုံးရင်း ခေါင်းငြိမ့်ပြလာတဲ့Tae.
Jungkookပြောစရာရှိတယ် ဆိုပြီးနာရီဝက်မျှ
တိတ်ဆိတ်နေသည်...Taehyungကတော့ မသိမသာလေး လှမ်းကြည့်နေသည်..
"J..u.n.g.kook...
"ဟင်!! ဘာလဲTae!?... အားးး ပြောစရာရှိတယ်
လို့ပြောထားတယ်နော်..အင်ပြောမယ်!"Jungkookခေါင်းတွေ တစ်ပျင်းပျင်းကုတ်ရင်း
ဂျာကင်ထဲမှ မျက်မှန်အသစ် စက်စက်ကလေးကို
Taehyungရှေ့သို့ ထိုးပေးလိုက်သည်..Taehyungမျက်လုံးလှန်ကြည့်ပြီး jungkookဘနှုတ်ခမ်းလေးဆီ အကြည့်ရောက်သွားသည်..
Jungkook သတိထားမိပုံပေါ်သည်...
"အဟမ်းး!!အဟမ်းး...
Jungkookချောင်းဟန့်သံကြောင့် မျက်မှန်ကို
ဆက်ကနဲ့ Taehyungဆွဲယူလိုက်သည်..
တစ်ဖတ်က အက်နေတဲ့ မျက်မှန်ကိုချွတ်ပြီး jungkookပေးတဲ့ အသစ်ကို တပ်လိုက်သည်.."ငါ့နှုတ်ခမ်းက အနီစက်လေးက ဟိုးငယ်ငယ် ကတည်းက ရှိနေခဲ့တာ ငါ့မေမေကိုမေးတော့လည်း မွေးရာ
ပါအမှတ် ကလေးတဲ့ အမှတ်အနီရောင်ကြီး ထူးဆန်းတယ်မလား"Taehyungသွားလေးတွေ မြင်နေရတဲ့အထိ ရီသွား
လေသည်..Jungkookသည် Taehyungလက်ကို ဆွဲယူကာ..လက်ဖဝါးထဲ အဝါရောင် အဝတ်စလေးကို
ထည့်ပေးလိုက်သည်..